မြန်မာနိုင်ငံ၏
သမ္မတဦးသိန်းစိန်အား ယခုနှစ်အတွက် အထူးချွန်ဆုံး အာရှတိုက်သား (Asian of
theyear) အဖြစ် စင်ကာပူနိုင်ငံ ထုတ် The Straits Times သတင်းစာက
ရွေးချယ်လိုက်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်
စီးပွားရေးဖြေလျှော့မှုများ လုပ်ဆောင်ရာ၌ သမ္မတဦးသိန်းစိန်၏ အခန်းကဏ္ဍအတွက်
အဆိုပါသတင်းစာ၏ ထိပ်တန်းအယ်ဒီတာများက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြေလျှော့မှုများကြောင့် ဒီမိုကရေစီမီးရှုးတန်ဆောင်နှင့်
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့လွှတ်တော်တွင်
ကိုယ်စားလှယ်တစ်ဦးဖြစ်လာစေခြဲ့ ခင်း၊
အနောက်နိုင်ငံများက ပိတ်ဆို့တား ဆီးမှုများ ဖယ် ရှားခြင်းနှင့် တစ်ချိန်က
သီးခြားဖြစ်နေသော နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ၏
စိတ်ဝင်စားမှုမြင့်တက် လာခြင်းများ ဖြစ်ပေါ်လာစေ သည်ဟု အဆိုပါသတင်းစာက
ဖော်ပြသည်။
သမ္မတဦးသိန်းစိန်၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအတွက်
မဟာဗျူဟာမြောက် အခွင့်လမ်းသစ်များ ဖွင့်လှစ်ပေးလိုက်ခြင်းသာမက
အရှေ့တောင်အာရှဒေသတွင်သာမက အခြားအာရှဒေသများတွင်ပါ
အပြုသဘောသက်ရောက်မှုဖြစ်စေနိုင်သ ည့် အင်အားစုများကို သက်ဝင်လှုပ်ရှားလာစေခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြသည်။
ယင်းသို့ပွင့်လင်းလာမှုများကို စနစ်တကျ ကိုင်တွယ်ထိန်းကျောင်းနိုင်ပါက
သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသော်လည်း နိုင်ငံခြားသား များအပေါ်
သံသယရှိမှု ဆယ်စုနှစ်များစွာနှင့် အလုံပိတ်ထားသော စီးပွားရေးကြောင့်
ရပ်တန့်နေသော နိုင်ငံမှ ပြည်သူသန်း ပေါင်းများစွာအား ဆင်းရဲတွင်းမှ
ဆွဲထုတ်နိုင်သည့် အလားအလာရှိသည်ဟု စင်ကာပူသတင်းစာက ဆက်လက်ဖော်ပြသည်။
7Day News
သမ္မတဦးသိန်းစိန်၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အခွင့်လမ်းသစ်များ ဖွင့်လှစ်ပေးလိုက်ခြင်းသာမက အရှေ့တောင်အာရှဒေသတွင်သာမက အခြားအာရှဒေသများတွင်ပါ အပြုသဘောသက်ရောက်မှုဖြစ်စေနိုင်သ
ယင်းသို့ပွင့်လင်းလာမှုများကို စနစ်တကျ ကိုင်တွယ်ထိန်းကျောင်းနိုင်ပါက သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသော်လည်း နိုင်ငံခြားသား များအပေါ် သံသယရှိမှု ဆယ်စုနှစ်များစွာနှင့် အလုံပိတ်ထားသော စီးပွားရေးကြောင့် ရပ်တန့်နေသော နိုင်ငံမှ ပြည်သူသန်း ပေါင်းများစွာအား ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်သည့် အလားအလာရှိသည်ဟု စင်ကာပူသတင်းစာက ဆက်လက်ဖော်ပြသည်။
7Day News
SHARE THIS
