ဖရန်ကို ဘန်ဖီ အမည်ရှိ ဆွစ်ဇာလန် ရေငုပ် သမား တစ်ဦးသည် အနာ ကွန်ဒါ မြွေများ နေထိုင် ရာ သဘာဝ စားကျက်မြေ အတွင်း အနီးကပ် ဓာတ်ပုံ ရိုက်ယူရန် ဘရာဇီး နိုင်ငံ မာတို ဂရော့ ဆို အရပ် ဒေသသို့ သွားရောက် ခဲ့ကြောင်း သိရသည်။
အနာ ကွန်ဒါ မြွေကြီး များသည် ရှဥ့်၊ ကြွက်၊ ငှက်များနှင့် ငါးများအား စားသောက် တတ်ကြပြီး သားကောင်ကို အနီးကပ် ချောင်းမြောင်း တိုက်ခိုက်လေ့ ရှိကြသည်။
၎င်းတို့သည် ရေမျက်နှာ ပြင်အောက် လက်မ အနည်းငယ် အတွင်း ချောင်းမြောင်း စောင့်ဆိုင်း ၍ သားကောင်ကို ဖမ်းဆီးရန် အသင့် အနေ အထားမျိုး ရှိနေ သော်လည်း ထိုနေ ရာတွင် မြွေရှိ နေသည်ကို မသိနိုင် လောက်အောင် လျှို့ဝှက်စွာ နေလေ့ ရှိသည်။
ဘရာဇီး နိုင်ငံ မာတို ဂရော့ဆို အရပ်ရှိ နောက်ကျိသော ရေနက်ပိုင်း များတွင် အစာရှာ လျက်ရှိသည့် အရှည် ၂၆ ပေ ရှိ အနာ ကွန်ဒါ မြွေအား ရဲရင့်သော ရေငုပ်သမား တစ်ဦး ဖြစ်ပြီး မြွေအကြောင်း စိတ်ဝင်စား သူတစ်ဦး ဖြစ်သူ အ သက် ၅၃ နှစ် အရွယ်ရှိ ဖရန်ကို ဘန်ဖီက ၎င်း တို့ ကျက်စားရာ ဒေသ အတွင်း ကင်မရာ တစ်လုံးဖြင့် အနီးကပ် ဓာတ်ပုံ ရိုက်ယူ ခဲ့ရာမှ ၎င်းတို့ သွားလာ နေထိုင်ပုံ များကို အနီးကပ် တွေ့ရှိခဲ့ ရသည်။
ဘန်ဖီသည် တောင်အမေ ရိက၏ အဓိက အချက်အချာ နေရာ တစ်ခု ဖြစ်သော မာတို ဂရော့ ဆို အရပ် ဒေသသို့ ၁ဝ ရက်တာ သွားရောက် ခဲ့သော ခရီးစဉ် အတွင်း အနာ ကွန်ဒါ မြွေအမ ခြောက်ကောင်ကို တွေ့မြင် ခဲ့ရသည်။
မာတို ဂရော့ဆို အရပ်သည် သဘာဝ မျိုးကွဲများ အတွက် လှပသော အရပ် ဒေသ တစ်ခုဟု ခေါ်ဆို ထိုက် ပြီး နှစ် စဉ် နှင့်အမျှ ခရီးသွား ဧည့်သည် များစွာကို ဆွဲဆောင် ထားနိုင်သော နေရာ တစ်ခုလည်း ဖြစ်သည်။
အနာ ကွန်ဒါ မြွေများသည် အန္တရာယ် ရှိသည်ဟု လူတိုင်းက ပြောနေ ကြသော်လည်း ဆန္ဒ ရှိက ၎င်းတို့ ကိုပင် ထိတွေ့ ကြည့်နိုင်ကြောင်း၊ ၎င်းမြွေ များသည် တွေ့စတွင် ကြောက်စရာ ကောင်းသည်ဟု ထင်မှတ်ရ သော်လည်း ၎င်းတို့အား အန္တရာယ် မပြုသည့် အမူအရာ ပြပါက မည်သို့မျှ အန္တရာယ် ပေးမည် မဟုတ် သည်ကို တစ်ခဏ အတွင်း မှာပင် နားလည် သွားနိုင် သည်ဟု ဘန်ဖီက ပြောကြား ထားသည်။
source : Wiki
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
