တရုတ်နိုင်ငံ ၊ ဟီဘင်းပြည်နယ် ၊ ဟန်ဒန်း
ဒေသမှ အသက် ၂၄ နှစ်အရွယ် Chen
Siyuan သည် ထူးခြားသည့် ပါရမီရှင်
တစ်ဦး ဟုဆိုရမည်ဖြစ်သည်..။
သူမအနေဖြင့် လက်ဝဲ လက်ယာ နှစ်ဖက်စလုံး နှင့် တစ်ပြိုင်နက် စာရေးသားနိုင်သည်..။
လက်တစ်ဖက်ဖြင့် ဒေါင်လိုက် စာရေးသားနေစဉ်.. အခြားလက်တစ်ဖက်ဖြင့် ရေပြင်ညီအတိုင်း စာရေးသားနိုင်ရုံမက ဘာသာစကားနှစ်မျိုး( အင်္ဂလိပ် ၊ တရုတ်) ကို လက်နှစ်ဖက်ဖြင့် တစ်ပြိုင်နက်ရေးသားနိုင်သည်..။
သူမအနေဖြင့် သာမန်ထက်ထူးကဲလှသည့် အံ့ဖွယ်စွမ်းရည်ကို နှစ်ရှည်လများ အပင်ပန်းခံ လေ့ကျင့်မှုကြောင့်မဟုတ်ဘဲ ထူးခြားလှသည့် ပါရမီကြောင့်ဟု ဆိုရမည်ဖြစ်သည်..။
အထက်တန်းကျောင်းသူဘ၀တွင် များပြားလှသည့် အိမ်စာကို ဖြေရှင်းရန် လက်နှစ်ဖက်ဖြင့် တစ်ပြိုင်နက် ရေးသားကြည့်ရာမှ မိမိ၏စွမ်းရည်ထူးကို အမှတ်မထင်သိရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်..။ သူမ ကဲ့သို့ သူမ၏အတန်းဖော်များက အားကျ၍ မည်မျှပင်ကြိုးစား ကြစေကာမူ အောင်မြင်မှု မရခဲ့ကြ ဟုလည်းဆိုသည်..။
Ko Nay Myo ရေးသားသည်။
မူရင်းလင့်ဗွီဒီယို ဖိုင်
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
