ဒီနေ့ခေတ် ကမ္ဘာကြီးကို သက်ကြီးကမ္ဘာ (Ageing World)လို့ တင်စား ခေါ်ဝေါ် လာကြ ပါတယ်။ ဥရောပမှာ လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းဟာ အသက်ကြီး သူတွေ ဖြစ်လာနေပြီး ၂၀၂၀ မှာဆိုရင် ၂၅ ရာခိုင်နှုန်း အထိ ရှိလာ လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်း ထားပါတယ်။ အာရှ နိုင်ငံတွေမှာ ဆိုရင် သက်ကြီးရွယ်အို ဦးရေက ဥရောပ မှာထက် ပိုပြီးတောင် များနေပါတယ်။
အကြောင်းရင်းကတော့ကလေး မွေးဖွားနှုန်း လျော့နည်းတာ၊ ပတ်ဝန်းကျင် သန့်ရှင်းလာတာ၊ အာဟာရရှိတဲ့ အစားအစာများ လာတာ၊ ဆေးပညာ တိုးတက် ခေတ်မီ လာတာတွေကြောင့် ဖြစ်ပါတယ်။
သက်ကြီး ရွယ်အိုတွေ များလာတာဟာ ကောင်းမွန်တဲ့ ရလဒ်ဆိုပေမယ့် ကျန်းကျန်းမာမာရှိနေဖို့လည်းလိုအပ် နေပါတယ်။ဒါကြောင့်အသက်ကြီးသူတွေမှာ အဓိက လျော့နည်း တတ်တဲ့ အာဟာရ ဓာတ်တွေနဲ့ ပါဝင်တဲ့ အရင်းအမြစ်တွေကိုအဓိကစားသုံးနိုင်စေဖို့ ဖော်ပြ ပေးလိုက်ပါတယ်။
From : mwdmedia
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
