အီရန်နိုင်ငံသား အသက်(၂၂)နှစ်အရွယ် လယ်သမားတစ်ဦးဟာ သတို့သမီး နှစ်ယောက်အနက်မှ တစ်ယောက်ယောက်ကို ရွေးချယ
်မနေတော့ဘဲ နှစ်ယောက်လုံးကို တစ်ညတည်း တပြိုင်နက် လက်ထပ်ခဲ့တယ်လို့ သိရပါတယ် ။
သတို့သားက သူမေတ္တာသက်ဝင် ချစ်ခင်နေခဲ့မိသော အသက် (၁၇)နှစ်အရွယ် မိန်းကလေးနှင့် အသက်(၂၁)နှစ်အရွယ် အမျိုးသမီး နှစ်ဦးစလုံးကို ဧပြီ(၆)ရက်နေ့က Tikrit မြို့ရဲ့ မြောက်ဘက်ပိုင်းက Al Laqlaq ရွာလေးမှာ တပြိုင်တည်း လက်ထပ်ခဲ့တာဖြစ်ကြောင်း သိရသည် ။
ဒါ့အပြင် ထိုသတို့သမီး နှစ်ယောက်စလုံးဟာလည်း သတို့သား၏ မောင်နှမဝမ်းကွဲတွေ ဖြစ်တယ်လို့ သိရပါတယ် ။
တစ်ညတည်း သတို့သမီးနှစ်ယောက်ကို တပြိုင်တည်း လက်ထပ်ခွင့်ပြုဖို့ သူ့ချစ်သူ သတို့သမီးလောင်းတွေကို စည်းရုံးသိမ်းသွင်းရာတွင် နှစ်ယောက်စလုံးကို ညီတူညီမျှ ချစ်နိုင်ရင် လက်ခံမယ်လို့ သတို့သမီးနှစ်ဦးစလုံးက သဘောတူခဲ့ကြတာဖြစ်ကြောင်း သိရသည် ။
အစ္စလာမ်ဘာသာ၏ ထုံးတမ်းဓလေ့အရ ဇနီးမယား လေးဦးအထိ တရားဝင်ယူကာ ပေါင်းသင်းနိုင်ကြောင်း သိရသည် ။ သို့ပေမယ့် ဇနီးမယားအားလုံး သာတူညီမျှ ခံစားခွင့် ရရှိရမည်ဟု ဖော်ပြပါရှိထားကြောင်း သိရသည် ။
http://gulfnews.com/news/region/iraq/iraqi-farmer-marries-two-women-in-one-night-1.1014411
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
