ပခုက္ကုထောင်တွင် အကျဉ်းကျ
ခံနေရဆဲဖြစ်သော ရခိုင်အညတရ
သူရဲကောင်း ကိုနိုင်စိုး၏ ကျန်းမာရေး
အခြေအနေမှာ စိုးရိမ်ရကြောင်း
သတင်းရရှိသည်။
ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုလုံးဝ မရှိကြောင်းနှင့် ကိုနိုင်စိုး၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရကြောင်း ဖခင်ဖြစ်သူ ဦးမောင်သိန်းက Arakan Review သို့ ပြောသည်။
“နဂိုကတည်းက ဦးရဲ့သားမှာ အဆုတ်အားနည်းတဲ့ ရောဂါရှိနေတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခံရပြီးကတည်းက ခုအချိန်ထိ စစ်ကြောရေးဒဏ်ကြောင့် ရရှိခဲ့တဲ့ မျက်စိ၊ ခါးရိုးနဲ့ ဒူးဆစ် ကိုက်ခဲတဲ့ ဝေဒနာကို ခံစားလာရတယ်။ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုကလည်း လုံးဝ မရှိတော့ ဒီအတိုင်းဆိုရင် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်”
ကိုနိုင်စိုး (ခ) မဲလုံးမှာ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် တက်ကြွသော ရခိုင်ကျောင်းသားနှင့် လူငယ်အများအပြား ဖမ်းဆီးခြင်း ခံခဲ့ရစဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ဖောက်ခွဲမှု၊ တရားမဝင် ပြည်ပအဖွဲ့အစည်းဖြစ်သော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) နှင့် ဆက်သွယ်မှု အပြင် နယ်စပ်ဖြတ်ကျော်မှု၊ အသင်းဖွဲ့စည်းမှု စသည့် ပုဒ်မ များဖြင့် ထောင်ဒဏ် (၈) နှစ် ချမှတ်ခြင်း ခံထားရသူတစ်ဦး ဖြစ်သည်။
“ဦးရဲ့သားကို ဖြစ်နိုင်မယ်ဆိုရင် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်စေချင်တယ်လို့ ဦး အနေနဲ့ အနူး အညွတ် တောင်း ဆိုချင်ပါတယ်။ ခု ဦးရဲ့သားက မျက်စိအား အရမ်းနည်းနေတယ်။ သက်ဆိုင်ရာတွေ အနေနဲ့ အယင်ကထက် ပိုပြီးတော့ နဲနဲ ဂရုစိုက်ပေးစေချင်တယ်” ဟု ဖခင်ဖြစ်သူ ဦးမောင်သိန်းက ပြောသည်။
ကိုနိုင်စိုးသည် ရခိုင်ပြည်တွင်း တက်ကြွသော ကျောင်သားတစ်ဦးဖြစ်ပြီး ကျောင်းသား/
သူများ၏ လေးစားအားပြုခြင်းကို ရရှိ သူတစ်ဦးဖြစ်ကာ ဖမ်းဆီးမခံရစဉ် ကတည်းကပင် အာဏာပိုင်များ၏ အလေးပေး စောင့်ကြည့်ခြင်းကို အစဉ်တစိုက် ခံခဲ့ရသူ တစ်ဦးဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားများ၏ ပြောကြားချက်အရ သိရသည်။
Arakan Review
ဖမ်းဆီးခြင်း မခံရမီက ရိုက်ကူးခဲ့သော ကိုနိုင်စိုး၏ တက္ကသိုလ်ကျောင်းသားဘ၀ အမှတ်တရဓာတ်ပုံ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
