လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
ကို ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်
စခန်းမှ သံဃာတော်များ ထိခိုက်မှု
အတွက် စိတ်မကောင်းဖြစ် ရကြောင်း
သမ္မတဦးသိန်းစိန်က ပြောသည်။
အောက်ခြေတွင် ညှိနှိုင်းမှု
အဆင်မပြေခြင်းကြောင့် ညှိနှိုင်းဖြေ ရှင်းရမည့် အစား တရားဥပဒေစိုးမိုးမှု
လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် ခဲ့သောကြောင့် သံဃာတော်များကို
ထိခိုက်ခဲ့ရကြောင်း ၄င်းက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
''မထိခိုက်သင့်တဲ့ သံဃာတွေ ထိခိုက်သွားတော့ ကျွန်တော်လည်း စိတ်မကောင်း
အများကြီးဖြစ်ရပါတယ်''ဟု သမ္မတက ဆိုသည်။သမ္မတ ဦးသိန်းစိန်သည် သပိတ်
စခန်းဖြိုခွင်းမှုအပြီး ၁၉ ရက်အကြာ မြန်မာနိုင် ငံ တောင်ပိုင်း မွန်၊
တနင်္သာရီ ခရီးစဉ်အတွင်း ထားဝယ်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊
ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင်
သမ္မတက ''ဒါတွေကလည်း တရားဥပဒေကို လေးစား လိုက်နာကြ မယ်ဆိုရင် ဒီပြဿနာ တွေဟာ
ဖြစ်စရာအကြောင်း မရှိပါဘူး။ တရား ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ
အချိန်ကာလအားဖြင့် တစ်နှစ်လောက် ရှိပါပြီ'' ဟု ပြောသည်။ သို့သော် တရားဥပဒေ
မလိုက်နာသူမှာ မည်သူမည်ဝါ ဟု ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။
စီမံကိန်းရပ်နားရန် ဆက် တိုက် တောင်းဆိုဆန္ဒပြသူများနှင့် သံဃာတော်
များ၏ သပိတ်စခန်းကို အကြိမ်ကြိမ် သတိပေးပြီး တန်ဆောင်မုန်းလပြည့် ည နံနက် ၃
နာရီခန့်တွင် အကြမ်းဖက်နှိမ်နင်း ရာ၌ သံဃာတော်များ မီးလောင်
ဒဏ်ရာရခဲ့ကြသည်။
ဆန္ဒပြသူ များ ဥပဒေမလိုက်နာသည် ဆိုခြင်းကို
လက်ခံသော်လည်း အခြားတစ် ဖက်တွင်လည်း နှိမ်နင်းသူများနှင့် ပတ်သက်၍
မေးခွန်းထုတ်ရန် လိုကြောင်းတရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောသည်။
''ဆန္ဒပြသူတွေကို နှိမ်နင်း တဲ့သူတွေကရောဥပဒေကိုလိုက်နာ ပါသလား။
ဒီလိုပဲမေးချင်တယ်''ဟု ဦးကိုနီက ဆိုသည်။ သမ္မတအနေ နှင့် တာဝန်
ထမ်းဆောင်ချိန်တွင် တာဝန်ရှိပြီး အကြမ်းဖက် နှိမ်နင်းသူများကို အရေး ယူရန်
လိုကြောင်း လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းခံ ထိခိုက်ဒဏ်ရာ ရသူများအား
ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ကော်မတီမှ သံဃာတော် တစ်ပါး ဖြစ်သော
ဦးဝီရသူက မိန့်ကြားသည်။
''ဒီလို ရာဇဝတ်မှု ကျူးလွန်သူကို
အရေးယူပေးရမယ်'' ဟု ဆရာတော်က မိန့်ကြားသည်။ သပိတ်စခန်း ဖြိုခွင်းမှုကြောင့်
သံဃာတော်နှင့် လူပုဂ္ဂိုလ် အများအပြား မီးလောင်ဒဏ်ရာရခဲ့ပြီး
ယင်းကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့ သည့် ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီး
နှစ်ပါးနှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အပါအဝင် အစိုးရ
တာဝန်ရှိသူအချို့မှ အစိုးရကိုယ်စား သံဃာတော်များကို တရားဝင်အခမ်းအနားဖြင့်
တောင်းပန်ခဲ့သည်။
သမ္မတဦးသိန်းစိန်သည် ထား ဝယ်မြို့ကို ဒီဇင်ဘာ ၁၆
ရက်နေ့ က ရောက်ရှိ လာပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကာနောက်တစ်ရက်ဒီဇင် ဘာ
၁၇ ရက်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် တွေ့ ဆုံပြီး
ထားဝယ်စီမံကိန်းကို အတူတကွ သွားရောက်ကြည့်ရှုခဲ့သည်။
Dawei Watch
Popular Myanmar News Journal
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
