မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်
သင်ပန်းကုန်းရပ်ကွက်တွင် ဒီဇင်ဘာ
လ ၂၃ ရက်နေ့ ညနေပိုင်းက မီးလောင်
ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်း
ရရှိသည်။
ပြည်ကြီးတံခွန်မြို့နယ် မင်းကြီးရန်နောင်လမ်းနှင့် သမိန်ပရမ်းလမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား ညည ၂၂ ရပ်ကွက်တွင် ညနေ ၄ နာ ရီအချိန်ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၄ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ထရံကာသွပ်မိုး နေအိမ်တစ်လုံးနှင့် ၂၅ ပေပတ်လည် နံကပ်သွပ်မိုး အပေါ်ထပ် အနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း သိရသည်။
မီးလောင်ရာသို့ မီးသတ်ယာဉ် ၃၇ စီး၊ သန္ဓေအင်အား ၃၅ ဦးနှင့် အရံအင်အား ၁၁၀ ဦးတို့မှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း မီးလောင်မှုဖြစ်စဉ်အား ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ (ပ)/၇၂၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။
Eleven Media Group
