"ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ စင်မြင့် ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်"
ဒီဇင်ဘာ ၄ ရက်နေ့ က အမိ မြန်မာပြည်သို့ ခေတ္တ ပြန်လည်ရောက် ရှိလာသော ဂန္ထဝင် တေးသံရ
ှင်ကြီး မာမာအေး၏ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာနိုင်ငံ၌ ပထမ ဆုံး ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။
“ဇန်နဝါရီ ၁၂ ရက် နေ့မှာ လုပ်မှာပါ။ လုပ်ချင် တာကတော့ သုဝဏ္ဏ မှာ လုပ်ချင်တယ်။ ရ၊ မရ တော့ မသိသေးဘူး။ တင်တော့ တင်ထားတယ်။ တကယ်လို့ မရရင်တော့ ပြည်သူ့ ရင်ပြင်မှာ ပဲလုပ်ဖြစ်မယ်။ အခုပါမယ့် အဆိုတော်တွေ စပြီး ညှိနေပြီ။ သီချင်းတိုက်ဖို့ ရက်လည်း ရွေးပြီးပြီ။ လူကြီးလူငယ် အရွယ်စုံပါမှာပါ” ဟု အဆိုပါ ပွဲကို စီစဉ်သူ ဘိုဘို အင်တာတိန်းမန့်မှ ကိုဘိုစန်းက ပြောသည်။
တေးသံရှင်ကြီး မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စီစဉ် ကျင်းပဖြစ်ပုံနဲ့ ပါတ်သက်ပြီး လည်း ကိုဘိုစန်းက..
“ကျွန်တော်တို့ ငယ်ငယ်က တည်းက လေးစားခဲ့၊ ကြိုက်နှစ်သက်တဲ့သူ ဆိုတော့ အရင်ကတည်းက ပွဲလုပ်ချင်တာပါ။ ဘာပဲပြောပြော သူ့ကို ကမ်းလှမ်းတဲ့ သူတွေ အများကြီး ထဲက ကျွန်တော်တို့ကို ရွေးချယ်ခဲ့တဲ့ အတွက် အန်တီမာမာအေးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို ကျင်းပ ခွင့်ရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူပါ တယ်” ဟု ကိုဘိုစန်းက ပြော ပြီး ဒေါ်မာမာအေး ပြန်မည့်ရက်ကိုတော့ အတိအကျ မသိသေးကြောင်း လည်း ပြောသည်။
ရဲရဲ By- ပေါ်ပြူလာ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)