ရခိုင်ပြည်နယ်မှာ ထပ်မံဖြစ်ပွါးခဲ့လာတဲ့ ပဋိပက္ခများကြောင့် ရသေ့တောင်မြို့နယ်၊ ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ရမ်းဗြဲမြို့၊ သံတွဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ရဲလုံခြုံရေးများ တိုးမြင့်ချထားခြင်းနှင့် ပတ်သတ်၍ အဆိုပါမြို့နယ်များမှာ အဓိကရုဏ်းတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်များမှာ ရခိုင်ပြည်နယ်မြို့နယ် အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး အဆိုပါ ရဲတပ်ဖွဲ့ဝင်များမှာ မိသားစုခေါ်ခွင့် မရှိကြောင့် လစာမှာလည်း တာဝန်ကျသည့် နေရာများသို့ ပို့ပေးမည့်/ မပေးပို့မည်မှာ မသေချာကြောင်း၊ တစ်ရက်လျှင် ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် သက်ဆိုင်ရာ မြို့နယ်မှူးများမှ ကျွေးမွေးသော်လည်း မလောက်ငှသဖြင့် နီးစပ်ရာ ရခိုင်ရွာ၊ ဘင်္ဂလီကုလားရွာများတွင် စားသောက်နေရကြောင်း၊ လူစားလှဲလှယ် တာဝန်ချထားပေးဖို့ တင်ပြရာတွင်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း ၊ တစ်မြို့နယ်လျှင် လုံခြုံရေး တပ်ဖွဲ့ဝင် (၈၀)ဦးချထားသော်လည်း တချို့မြို့နယ်တော်တော်များတွင် လုံခြုံရေး ရဲ (
၅၀)ဦးနှင့် (၅၂)ဦးခန့်သာ ရှိပြီး ကျန်တပ်ဖွဲ့ဝင်များတွင် လူကြီးများနှင့် အဆင်ပြေ လာဒ်ထိုးပြီး မလာဘဲ နေကြကြောင်း၊ ရဲတပ်ဖွဲ့ အထက်ဌာနများသို့ လုံထိန်းအင်အား (၈၀)ရှိကြောင်း လိမ်လည်ပြီး တင်ပြထားကြပါသည်။ ဘူးသီးတောင်မြို့နယ်မှ တက မောင်အေးဟာ နာမကျန်းဖြစ်လို့ ရသေ့တောင်မြို့နယ်ကနေ မိမိ မိသားစုရှိရာ ဘူးသီးတောင်မြို့နယ်သို့ ဆေးကုသခံယူရန်အတွက် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်ကို အထက်သို့ တင်ပြမည်ဟု အကြောင်းအမျိုးမျိုးပြကာ ရွေ့ဆိုင်းခဲ့ကြောင့် ငွေကြေးမပြည့်စုံမှုကြောင်း တက မောင်အေးမှာ ၂၃.၁၁.၂၀၁၂ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် သေဆုံးခဲ့ရပါတယ်။ ဒီလို့ မ၀ရေစာကျွေးပြီး မိသားစုနှင့် နှစ်အိုးခွဲပြီး ဒုက္ခဖြစ်နေတဲ့ မိသားစုဝင်တွေကို လှဲလှယ်ပြီး တာဝန်ထမ်းဆောင်ခိုင်းမှသာ အဓိကရုန်းကို အောင်မြင်မှာဖြစ်ပြီး မလာတဲ့ ၀န်ထမ်းတွေကိုလည်း တစ်လှည့်စီ တာဝန်ချပြီး ထမ်းဆောင်စေမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ မလိုလားအပ်ဘဲ ဖြုန်းတီးမှု မဖြစ်ရအောင် RSV မှ တဆင့် တင်ပြရခြင်းဖြစ်ပါတယ်။ RSV ကို ကျေးဇူးတင်ပါတယ်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)