(၃၈ )နှစ်မြောက် ရခိုင် ပြည်နယ်နေ့အခမ်းအနား


(၃၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၆့ ရက်နေ့ နံနက် ၉ နာရီက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ အ ခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က မိန့်ခွန်း ပြောကြား သည်။ ဆက်လက်၍ ၂ဝ၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ် ဂုဏ်ဆောင် ထူးချွန်သူ များအား ဆုချီးမြှင့်ရာ ပြည်နယ် ဝန်ကြီးချုပ်က (၁၉)ကြိမ်မြောက် မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိ ကြသူများအား ဆုများ ချီးမြှင့်သည်။ ထို့နောက် အခြေခံပညာ အထက်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်း သူများအား ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နုနုဇံက လည်းကောင်း၊ အလယ် တန်းနှင့် မူလတန်း အဆင့်တွင် ဆုရရှိကြ သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂ဝ၁၂ ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြ သူများအား ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူတို့ကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များက ခန်းမအတွင်း ပြသထားသည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စု များ၏ ဝတ်စား ဆင်ယင်မှု ပြခန်းကို လှည့်လည်ကြည့်ရှု အားပေးကြောင်း သိရသည်။ http://www.myawady.com.mm/allnews/localnews/item/2000-2012-12-17-10-31-18

SHARE THIS
Previous Post
Next Post