အနုပညာနဲ့ပတ်သက်လာရင် ဒီမိုကရေစီခေတ်မှာ Freedom of Expression ဆိုတာ ရှိပြီး လူတိုင်း ပြောရေးဆိုခွင့် ရှိတယ်။ သူတို့ဖန်တီးဖို့ အနုပညာ အတွက် သူတို့ ကိုယ်တိုင်ပဲ တာဝန်ယူ ရမယ်။ သိတတ်ရမယ်ဟု ဆိုလာသူ
ဒါရိုက်တာဝိုင်းက..
"ဇာတ်ကားရိုက်ကူးတာကို မြင် ပြီး တကယ် ယဉ်ကျေးမှုကို စော် ကားတယ်၊ Sexy ဖြစ်တယ်ဆိုရင်၊ ကိုအောင်လင်းနိုင် ရေးသလိုဖြစ်နေ ရင် ဒါက ဒါရိုက်တာရဲ့တာဝန်ပဲ။ ဘာမှလည်း မရိုက်ရသေးဘဲ ဘာမှ လည်း မမြင်ရသေးဘဲနဲ့ Wild Sex တို့ဘာတို့ သုံးနှုန်းလာတယ်။
ဒါက ဘာကို သိလို့ သုံးနှုန်းတာလဲလို့ မေး ချင်တယ်။ ရိုက်ပြီးသားမြန်မာဇာတ် ကားတွေ မှာ ပြောစရာတွေအများ ကြီး ရှိတယ်။ Sex နဲ့ပတ်သက်တာ တို့၊ ဘာသာရေး နဲ့ပတ်သက်တာတို့ အများကြီး ရှိတယ်။ ဥပမာယဉ်ကျေး မှုကိုပြောချင်ရင် အခု အင်တာနက်မှာ လူပြောသူပြောများနေတဲ့ သီချင်းတစ် ပုဒ်ကို ဝေဖန်ရမယ်။
ဘာလို့ကျွန်တော့် ရဲ့ဇာတ်ကားကို မပြရသေးဘဲနဲ့ ဝေ ဖန်တာလဲ။ အကြောင်းရှိတယ်။ ဖဲသမား အဆိုအရတော့ "နှပ်ကြောင်း" ပေးတာပေါ့ ဒီလောက်ဆိုသဘောပေါက် ကျမှာပေါ့။
အရင်တုန်းကဆိုရင် ရုပ်ရှင်ဇာတ်ကားတွေကို ဇာတ်ကားထွက် လာပြီး မှ ဝေဖန်ကြတယ်၊ ဆောင်းပါး တွေရေးသားကြတယ်။ ရိုက်တောင် မရိုက် ရသေးဘဲ အခုဟာက ဝေဖန် မှုတွေများနေတယ်။ မြန်မာစကားထဲ မှာလည်း မရောင်ရာ ဆီလူး ဆိုသလို ဖြစ်နေတယ်။
ဥပမာ မင်းသမီးကို Sexy Dance ကခိုင်းတယ်။ မြန်မာ ဇာတ်ကားတွေမှာ Sexy အကပါတဲ့ ဇာတ်ကားတွေ အများကြီးပဲ။ အဲဒီ ဇာတ်ကား ရိုက်တုန်းက ဆင်ဆာအဖွဲ့ ဆိုတာရှိတယ်။ ဆင်ဆာ လူကြီးတွေ ခွင့်ပြုချက်ရပြီးမှ ဇာတ်ကားထွက် တာ။
ဒါပေမဲ့ လူပြော သူပြောများ တယ် ဆိုတာက သရုပ်ဆောင်ဆိုတာ ဆေးစက်ကျရာ အရုပ်ထင် ရတယ်။ အရုပ်မထင်ရင်သရုပ်ဆောင် မတော် လို့ဘဲ။ သရုပ်ဆောင်က သူကိုယ်တို င်မကျွမ်းကျင်လို့ သူ့ရဲ့မိတ်ကပ် ဆရာကိုရှေ့က ကခိုင်းပြီး သရုပ် ဆောင်ခဲ့တယ်။
အဲဒီအခွေအခုထိ ရှိတယ်...ဒါပေမယ့် ကျွန်တော့် အင်တာနက်မှာ မတင်ခဲ့ဘူး။ သူ့မျက် နှာလူမြင်မှာစိုးလို့..အဲဒီတော့ သရုပ်ဆောင်ကို ယ်တိုင်က သေသေ ချာချာ မလေ့လာဘဲကတဲ့အခါ လူ ပြောသူပြော များတယ်။ အဲဒီတော့ သရုပ်ဆောင်က ဒါရိုက်တာကို အပြစ်ဖို့တယ်။
ဒါတွေကို မသိဘဲနဲ့ ဝေဖန်ရေးတွေ မရေးသင့်ဘူး "လို့ ပြော ပါတယ်။
ဝတ္ထုတစ်ပုဒ်၊ ဇာတ်လမ်းတစ် ခုမှာ Tempo ဇာတ်ရှိန်မြှင့်ရတဲ့ အပိုင်းတွေနဲ့ပတ်သက်ပြီး..
"အခုရိုက်မယ့် ဇာတ်ကားမှာ နမ်းတဲ့ ဇာတ်ဝင်ခန်းတော့ ပါတယ်။ တကယ် နှုတ်ခမ်းချင်းတေ့ စုပ်ပြီး တကယ်နမ်းတာကို ပြရင် ဒါရိုက်တာ အမှား၊ မင်းသမီးမလုံ မခြုံနဲ့ဆိုရင် ဒါရိုက်တာ အမှားပဲလေ။
နမ်းဟန်ပြ တဲ့ ဇာတ်ဝင်ခန်းတွေက မြင်အောင် ပြောရရင် ၁၉၅ဝ ခုနှစ်လောက်က တည်းက ရိုက်ကူးခဲ့တယ်။ ဆင်ဆာ ဆိုတဲ့ မူဝါဒ ကပြောရရင် လူတစ်စုပဲ ဆုံးဖြတ်စရာ မလိုဘူး။
ဆင်ဆာ ဆို တာ လူတစ်ယောက်ရဲ့ဦးနှောက်ကို ပိတ် ဆို့ထား တယ်လို့ မြင်တယ်။ အခုဖြစ်နေတာ ဆရာချစ်ဦးညိုပြော ခဲ့သလို ဖန်အိမ်ထဲ မှာ နေနေရတဲ့ဖား တစ်ကောင်နဲ့ တူတယ်။ အဲဒီဖားက လွတ်မလား ဆိုပြီး နေ့တိုင်းခုန်နေ တယ်။
ဒါပေမဲ့ နှစ်ပေါင်းများစွာ ကျတော့ ဖားက မလွတ်နိုင်မှန်းသိ သွားတယ်။ အဲဒီအခါကျတော့ ဖန်အိမ်ကို ဖွင့်ပေးလိုက် တယ်။ ဒါ ပေမဲ့ ဖားကဖန်အိမ်ရှိတယ်လို့ပဲ ထင် နေတော့ မခုန်တော့ဘူး။
ဒီသဘောပဲ လေ။ ဦးနှောက်ကို ဒီဆင်ဆာဆို တဲ့ဟာက ပိတ်ဆို့လိုက်တဲ့ အခါကျ တော့ ကျန် တဲ့အတွေးအမြင်တွေပါ ပိတ်ကုန် တယ်။
လူမျိုးတိုင်းမှာတော့ ဘာ သာတရား၊ ယဉ်ကျေးမှုဆိုတာရှိ တာပဲလေ။ ကိုယ့်လူမျိုးပဲ ယဉ် ကျေးမှုရှိတယ်မထင်နဲ့။ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်စတဲ့ ဟာတွေလည်း ရှိတာပဲလေ။ သူတို့ဇာတ်ကားတွေ ကြည့်ဦး။
ဒါကို ယဉ်ကျေးမှုပျောက် တယ်ခေါ်မလား။ သူတို့အများကြီး တိုးတက်နေပြီ။ နမ်းတယ်ဆိုတာက စိတ်အမျိုးမျိုးရှိတယ်။ ဥပမာ- ဝိုင်ဝိုင်းအခွေထဲက အိမ်ပြန်ချိန်ဆိုတဲ့ သီချင်းကို ရိုက်ခဲ့တယ်။ Zအဘောက် ရဲ့နဖူးကို ဝိုင်ဝိုင်းက နမ်းခဲ့တယ်။
ဒါရိုက်တာက ဟန်ဆောင်နမ်းခိုင်း တာ၊ ဝိုင်ဝိုင်းက တကယ် နမ်းခဲ့တယ်။ အဲဒီမှာ သူကစကားတစ်ခွန်းပြောခဲ့ တယ်။ အဲဒီလို မျက်လုံးပြူးပြီး မကြည့် နဲ့။ ငါက ဘာစိတ်မှမပါပါဘူး။ ငါ့ အိုက်တင်အတွက် နမ်းခဲ့ရတာလေ။ အရေးကြီးတာက လူတွေမှာ စိတ်ပါ ပဲ။
ဒီ Sex နဲ့ပတ်သက် ပြီး ပရိသတ် ကို လှုံ့ဆော်ချင်တဲ့စိတ်မပါဘူး။ အနုပညာဖန်တီးမှုမှာ ဘာမှ မသိသေး ခင် ဝေဖန်တာမျိုး မဖြစ်စေချင်ဘူး" လို့ ပြောပါတယ်။
ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင် လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။
အခုကိုအောင်လင်း နိုင်ရေး တဲ့ ဆောင်းပါးက ကျွန်တော့်ရဲ့ နမ်း တဲ့အခန်းကို ခုတုံးလုပ်ပြီး သူလိုချင်တဲ့ ရှုထောင့်အမျိုးမျိုး က ရေးထားတာ ကိုတွေ့ရတယ်။သူ့ဆောင်းပါးကို အကျဉ်းချုပ်လိုက်ရင် ဆင်ဆာဆိုတာ ရှိ သေးတာပေါ့။ကျွန်တော်လုံးဝလက် ခံလို့မရပါဘူး ။
"ဒီမိုကရေစီ"မှာ Freedom of Expression ဟာအရေး ပါပါတယ်။ ကဲ...အခုတိုင်းပြည်မှာ တကယ်ဖြစ်နေတဲ့ အမှန်တရား တစ်ခုကို ရိုက်ပြ မယ်လေ၊ သူတို့ လက်ခံမလား။
ဥပမာ ပြောရရင် အမိမြေကို တစ်လက် မတောင် ဘယ်သူမှအဆုံးရှုံးမခံနိုင်ပေမယ့် တကယ် ဖြစ်နေတဲ့၊ သတင်းတွေ မှာတောင်ရေးနေကြတဲ့အကြောင်းအရာကို အဲဒီ အတိုင်း ရိုက်ပြမယ်၊ လက်ခံနိုင်မလား ဆိုတာမေးချင်တယ် "လို့ပြောပြပါတယ်။
Popular News
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
"ပရိသတ်တစ်ဦးက ဘန်ကောက်မှာ ဆေးကုသပေးမယ့် ဒါရိုက်တာ ကုသိုလ်ရဲ့ ကျန်းမာရေးအခြေအနေ" 'ဒါရိုက်တာကုသိုလ် မတ်လ ၁၂ ရက်နေ့မှာ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အသည်းရောဂါကြောင့် ဆေးကုသနေရတယ
ဇာတ်ရုပ်ကို အပီအပြင်ဈာန်ဝင်ခဲ့သဖြင့် ဒဏ်ရာရ USA စူပါစတား၊ လီယိုနာဒိုဒီ ကာပရီယိုသည်၊ တိုက်တန်း နစ်ဇာတ်ကားဖြင့် ကမ္ဘာကျော် ခဲ့သည်။ ရုပ်ရှင်ေ
သရုပ်ဆောင် မေဇွန်အမှုအား အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်ရန် နှစ်ဖက်လျှောက်လဲချက်များ တောင်းခံ Thursday, February 07, 2013 သရုပ်ဆောင် မေဇွန်အမှုအား အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲခ
ကျေးဇူးဆပ်တဲ့အနေနဲ့ မွေးရပ်မြေမြောင်းမြကို ရောက်အောင်သွားပြီး လှူဖို့ရှိတယ် မာမာအေး By 8 Days Journal 26 January, 2013 ငယ်စဉ်မွေးဖွားရာ
ဘယ်လိုဒီဇိုင်းတွေပဲဝတ်ဝတ် အမြင်မရိုင်းဖို့ လိုပါတယ်ဆိုတဲ့ မေသန်းနု အရင်တုန်း ကထက်စာရင် တင်းကျပ်နေတဲ့ ကားတွေ ရိုက်ဖြစ်လာတာက ကောင်းပါ တယ်။ အရင်က ထက်စာရင် အခုလို လွတ
နာဂ Hill ပြီးတော့ အိန္ဒိယက နာဂ Land ဘက်ကို သွားရောက်လေ့လာ ဦးမယ့် ဒါရိုက်တာ ကြည်ဖြူသျှင် ဒါရိုက်တာကြည်ဖြူသျှင်က နာဂတိုင်းရင်းသားတွေရဲ့ ရိုးရာနှစ်သစ် ကူးပွဲတော်ကို ဇန်နဝါရီ ၁ဝရက်နေ့ က
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)