မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက် မီးလောင်မူဖြစ်ပွား၊ ကျပ်သိန်း ၄၀ ဖို့ ခန့် ဆုံးရှူံး

မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက်၊ မျှော်လင့် ၁ ရပ်၊ရတခ ငါးမွေးကန် လမ်းရှိ၊ ငွေမိုး အုန်းဆီစက်ရုံတွင် ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများ အုန်းဆီစစ်ကန်ထဲသို့ ကျခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းရွှေမြန်မာမီဒီဂရုမှသတင်းရရှိသည်။ အဆိုပါမီးလောင်းမူသည် ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများ အုန်းဆီစစ်ကန်ထဲသို့ ကျခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ရာ မွန်လွှဲ ၂ နာရီတွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် အုန်းဆီပီပါ ၄၀ လုံး 10HP မော်တာ ၂ လုံး၊ ၃၀ ပေx ၈၀ ပေ သွပ်မိုး၊၀ါးကပ်ကာ၊ကွန်ကရိခင်းအဆောက်အဦတစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်း (၄၀)ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။ ထိုနေ့မနက်ပိုင်းတွင်လည်း အဆိုပါ ရပ်ကွက် ၅ လမ်းတွင် ၀ါယာရှော့ကြောင့် နေအိမ်တစ်ခြမ်း မီးလောင်ခဲ့ရကြောင်းသိရသည်။ ရပ်ကွက်နေလူထု၏ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးသတ်ကားမလာမီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ရွှေမြန်မာမီဒီယာသတင်းထောက်မင်းနန္ဒာကျော်မှာ သတင်းပို့ ပေးပါသည်။ (မင်းနန္ဒကျော်) ရွှေမြန်မာမီဒီယာဂရု

SHARE THIS
Previous Post
Next Post