ခိုင်လိုင်း
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မှ ကျောင်းဆရာ ဆရာမများမှာ ယခုနှစ်
အောက်တိုဘာလ လစာကို မြို့နယ် ပညာရေးမှူးရုံးမှ ထုတ်မပေးသဖြင့် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။ ။
မောင်တောမြို့ နယ်မှ ပညာရေးဝန်ထမ်း ဆရာ ဆရာမ များသည် ၂၀၁၂-ခုနှစ် အောက်တိုဘာလက ဒုတိယ အကြိမ် ဖြစ်ပွားသော အရေးအခင်းတွင် အသက် အန္တရာယ်ကို စိုးရိမ်သဖြင့် မွတ်ဆလင် ကျေးရွာများရှိ စာသင်ကျောင်းများသို့ သွားရောက် စာပြသနိုင်ခဲ့ခြင်း မရှိကြောင်းသိရသည်။
ထိုသို့ စာသွားရောက် သင်ကြားနိုင်ခြင်း မရှိသည့်အပေါ် ကျောင်းတက် ပျက်ကွက်သည်ဟု အကြောင်းပြကာ လစာများကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးက ထုတ်မပေးဘဲထားသည်ဟု ဆိုသည်။
ဆရာမတစ်ဦးက သူမတို့ အနေဖြင့် စာသွားရောက် သင်ပြချင်သော်လည်း လုံခြုံရေး အရ အာမခံချက် မရှိသဖြင့် ပျက်ကွက်ခဲ့ရခြင်း ဖြစ်ကြောင်း ယခုလို ပြောဆိုသည်။
“ ဒီမွတ်ဆလင် ဘင်္ဂလီတွေဟာ သူတို့ ရဲ့ ဆရာ ဆရာမတွေကိုတောင် သေအောင် လည်ဖြတ်သတ်တာကို ကျမတို့  မျက်မြင် ကိုယ်တွေ့ ကြုံထားပြီး ပါပြီ။ ထပ်ပြီး ဆူပူမူ ဖြစ်တော့ ခုလို အချိန်မှာ ကျွန်မတို့ သွားစာပြ ၀ံ့ပါ့အုံးမလား။ စဉ်းစားသာ ကြည့်ပါတော့နော်။ အဓိပ္ပာယ်မရှိလိုက်တာ။ လောကမှာ ကိုယ့်အသက်လောက် တန်ဖိုးရှိတာ ရှိပါအုံးမလား။ အခုတော့ မြို့ နယ်ပညာရေးမှူး ဦး+++ က ကျမတို့  ၀န်ထမ်း တရာကျော်ရဲ့  လစာငွေ သိန်း (၇၀) ကျော်ကို သူ့ ကိုယ်ပိုင် ဥစ္စာလို မှတ်ပြီး ထုတ်မပေးဘဲ ထားပါတယ်” ဟု ဆိုသည်။
တချို့ကျောင်းဆရာ ဆရာမများသည် ကျေးလက်တောရွာများ (အထူးသဖြင့် မွတ်ဆလင်ကျေးရွာများ)မှ စာသင်ကျောင်းများသို့ သွားရောက် စာမပြနိုင်ခဲ့သော်လည်း လုံခြုံရေး ရှိသော မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများတွင် အကူ သဘောဖြင့် စာဝင်ရောက် ပြသခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ကို လုံခြုံရေး အပြည့်အ၀ မပေးနိုင်တော့ ဘယ်သူမှ သွားစာမပြရဲဘူး။ ဒါကြောင့် မောင်တောမြို့ပေါ်မှာ နေထိုင်ခဲ့ကြရတယ်။ တချို့လည်း နီးစပ်ရာ မြို့ပေါ်က ကျောင်းတွေမှာ စာသွားပြကြတယ်။ မောင်တောမြို့ပေါ်မှာနေထိုင်တဲ့ အတွက် ပိုက်ဆံကုန်တယ်။ အခုတစ်ခါ မြို့နယ် ပညာရေးမှူးရုံးက အောက်တိုဘာလ လစာကို မပေးတော့ လစာ တစ်ခုတည်းကို မှီခိုနေရတဲ့ ကျွန်တော်တို့မှာ အခက်အခဲတွေ့ရပါတယ်” ဟု ကျောင်းဆရာ တစ်ဦးက ဆိုသည်။
မောင်တောမြို့နယ် ပညာရေးမှူးရုံးသို့ အဆိုပါ ကိစ္စ သိရှိနိုင်ရန် ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပါ။
လစာငွေ အဓိက မရရှိသော ကျောင်းဆရာ ဆရာမ များမှာ ဇွန်လအတွင်းက ဆူပူ အကြီးအကျယ် ဖြစ်ပွားခဲ့ရာ မောင်တောမြို့နယ် တောင်ပိုင်းမှ ဖြစ်ပြီး ထိုအထဲတွင် ဇော်မတက်နှင့် ဥဒေါင်းကျေးရွာများမှ ဆရာ ဆရာမများလည်း ပါဝင်သည်ဟု ဆိုသည်။
အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
