သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း (ခန်းဒ နိုင်ငံတကာလေ့လာရေး တက္ကသိုလ်၊ ဂျပန်နိုင်ငံ) ၏ မျောက်ဖိုးစိန်သည် သဘင်ပညာရှင် ဖိုးစိန်ကြီး ဖြစ်လာမည်မဟုတ် ၂၀၁၂ ခု ဒီဇင်ဘာလ (၁) ရက် အကယ်စင်စစ် ဤပြဿနာသည် သုတေသီတဦးက ကျမ်းတစောင် ပေတဖွဲ့ ရေးသား၍ ရှင်းလင်းရလောက်အောင် အရေးပါလှသည်တော့ မဟုတ်ပါ။ အိပ်ရာဝင် ကလေးချော့ ပုံပြင်ကမှ မျိုးဆက်ပေါင်း များစွာ လက်ဆင့်ကမ်းလာခဲ့သဖြင့် သူ့ထက် ရိုးရာတန်ဘိုး ရှိပါသေးသည်။ သို့သော် အနှီရိုဟင်ဂျာပုံပြင်ကား လွန်ခဲ့သော အနှစ်ငါးဆယ်ကျော်ကျော်က လုပ်ကြံပြောဆိုသော စကားကို သမိုင်းဖြစ်ရပ်ကဲ့သို့  အပိုချဲ့ကား၍ သမိုင်းစင်မြင့်ပေါ်သို့ တင်ပေးကြသူများ ရှိလာကြလေရာ အကြောင်းရင်းမှန်ကို မသိနားမလည်သူတို့ က အမှန်ဟုပင် ထင်လာကြ၏။ ဂျပန်ပြည် တိုကျိုမြို့ ဂျော့ချိတက္ကသိုလ်မှ သမိုင်းဆရာတဦးနှင့် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးကျောင်းမှ အမေရိကန်လူမျိုး သမိုင်းဆရာတဦးကပင် သံယောင်လိုက်ပြီး ရေးလာကြလေရာ အပျက်အပျက်က နှာခေါင်းသွေးထွက်ပြီဟု ယူဆကာ ဆိုရေးရှိကဆိုအပ်လှ၏ဟု သဘောပေါက်သည်ကတကြောင်း၊ အမျိုးသားရေးကို တက်တက်ကြွကြွ လှုပ်းရှားနေကြသော မိတ်ဆွေလူငယ်များ၏ ဆန္ဒကို ဖြည့်စွမ်းလိုသည်က တကြောင်းတို့ ကြောင့်  ဤစာတမ်း (ဤကျမ်း)ကို ရေးသားရန် ဆုံးဖြတ်ခဲ့ပါသည်။ သမိုင်းစင်မြင့်ပေါ်သို့  တင်ပေးကြတိုင်းလည်း သမိုင်းမဖြစ်ပါ။ မျောက်ဖိုးစိန်ကို စင်ပေါ်တင်ပေးလိုက်ရုံဖြင့် မည်သည့်နည်းနှင့်မျှ သဘင်ပညာရှင် ဖိုးစိန်ကြီး ဖြစ်လာမည်မဟုတ်။ မျောက်ဖိုးစိန်က မျောက်ဖိုးစိန်သာ ဖြစ်မည်။ လှပအောင် သွန်းလုပ်ထားသော ဖယောင်းရုပ်သည်လည်း မီးနှင့်တွေ့ လျှင် အရည်ပျော်ရမည်ပင်။ သို့ ဖြစ်ရာ ဤရိုဟင်ဂျာ ဖယောင်းရုပ်ကို မီးဖျော့ ဖျော့ မျှဖြင့် အရည်ဖျော်ပစ်ရန် ဤစာတမ်း (ဤကျမ်း) ကို ရေးသား ပြုစုလိုက်ရပါသည်။ သမိုင်းဆရာသည် အစွဲကင်းရန် လိုပါသည်။ အကယ်စင်စစ် ဤသုတေသနလုပ်ငန်းကို ရိုးသားဖြောင့်မတ်ပြီး ယထာဘူတကျကျ ဖေါ်ထုတ်နိုင်သည့် ပညာရှင်တဦးဦးကသာ ဆောင်ရွက်ခဲ့မည်ဆိုလျှင် ကျွန်တော် ခေါင်းရှောင်နေမိခဲ့မည် ထင်ပါသည်။ ကျွန်တော်သည် ရခိုင်အမျိုးသားတဦးဖြစ်သဖြင့် ရခိုင်မျိုးချစ်စိတ် အစွဲဖြင့် ရေးသည်ဟု မလိုသူတို့က စွပ်စွဲကြမည်ကို ကျွန်တော်သိပါသည်။ သမိုင်းသုတေသနသည် ကျွန်တော်၏ သက်မွေးဝမ်းကြောင်း ဖြစ်လေရာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ထိုကဲ့သို့  စွပ်စွဲခံရလျှင်ပင် ကျွန်တော်၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်ပါသည်။ သမိုင်းဆရာ၏ ကိုယ်ကျင့်တရားတွင် မျိုးချစ်စိတ်အစွဲဖြင့် သမိုင်းကို မရေးရ ဆိုသည့်အချက်သည် ပဓာန ကျပါသည်။ သို့ သော် ရေးမည့်သူကား မရှိ။ ကျွန်တော် လေးစားသော ရခိုင်သမိုင်းသုတေသီ ပြင်သစ်ပညာရှင် ဂျက်လိုင်ဒါသည် မြောက်ဦးခေတ် ရခိုင်ပြည်တွင် ပျော်မွေ့ နေလေပြီ။ သူကား ကိုလိုနီခေတ်ကို စိတ်မ၀င်စားလှ။ သြစတြေးလျ ပညာရှင် ပင်မီသာဂတ်မင်သည်း ဓည၀တီနှင့် ဝေသာလီခေတ် အနုပညာလက်ရာများ၏ ဖမ်းစားမှုကိုခံနေရရာ နှောင်းခေတ်များအတွက် အချိန်များများမပေးနိုင်။ ထို့ကြောင့် ကျွန်တော်ကား ခေါင်းရှောင်ချင်သော်ငြားလည်း ရှောင်၍ မရတော့ပါ။ ဤတာဝန်သည် ကျွန်တော့်ပခုံးပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာပါသည်။ အမျိုးသားရေးအတွက် ရေးသားရန် တာဝန်ယူလိုက်ခြင်းဖြစ်သော်လည်း သမိုင်းသုတေသီတယောက်၏ ကျင့်ဝတ်များကို မလွှဲမသွေ လိုက်နာကျင့်သုံး သွားမည်သာ ဖြစ်ပါသည်။ ပုတုဇဉ်တယောက်အနေနှင့်အစွဲဟူသည်ရှိတတ်မြဲဖြစ်ရာ ချွတ်ချော်တိမ်းပါးမှုများ ရှိခဲ့ပါက သည်းခံခွင့်လွှတ်ကြရန် ပန်ကြားလိုပါသည်။ ကျွန်တော်သည် အသားအရောင် ခွဲခြားမှုနှင့် လူမျိုးရေးမုန်းတီးမှုကို စက်ဆုပ်ရွံရှာသူ ဖြစ်ပါသည်။ သို့ ရာတွင်မိမိ၏တိုင်းပြည် ဆုံးရှုံး၍ လူမျိုးပါ ပျောက်ကွယ်ရတော့မည့် အခြေအနေတွင် မူကျွန်တော် တွေဝေနေနိုင်မည် မဟုတ်တော့။ တိုင်းပြည်နှင့်လူမျိုး၏ သစ္စာကို မစောင့်၊ ထမင်းတနပ် ဟင်းတဖတ်အတွက် အမျိုးကို သစ္စာဖေါက်ခဲ့ကြသူများ ကား ယခင်ကလည်း ပေါ်ခဲ့ဘူးပါသည်။ သမိုင်းတရားခံအဖြစ် ထင်ရှားသူကား စံရဖွေ ဖြစ်၏။ သမိုင်းတရာခံ စံရဖွေကြောင့် မူကား အမျိုးမပျောက်ခဲ့သေးပါ။ သို့ ရာတွင် ခေတ်သစ် စံရဖွေများမှာမူကား အမျိုးပျောက်ရမည်ကိုသိသိနှင့်ပွဲကိုတမင်လှန့် ကာဖျာခင်းရန်ကြံနေကြပါသည်။ရာဇ၀င်ကြွေးကိုထောက်ပြ၍လွဲမှားသော လမ်းကြောင်းတခုသို့ ပြည်သူကိုဦးဆောင်ခေါ်ယူရန်ကြံစည်နေကြသည်။ ဆရာတော်ဦးဥတ္တမ ပြောခဲ့သော ခွေးထက်မိုက်သော လူစားများ ဖြစ်ပါသည်။ယခုနှစ် ဇွန်လမှစ၍ ဘိုးဘွားပိုင် မိမိနိုင်ငံအတွင်းတွင် ဒုက္ခသည်အဖြစ် အမိုးမရှိ အကာမရှိ မြေတလင်း သဲမွေ့ ရာထက်တွင် အချိန်တန်လျှင် ထမင်းထုပ်စောင့်နေကြရသော သွေးရင်းသားရင်းများကို မိမိဝမ်းစာမှ ခွဲ၍ ကျွေးနေကြသော ကျွန်တော်တို့  ညီအစ်ကို မောင်နှမများကား ဘုရားရှိခိုးပြီးတိုင်း ဦးသုံးကြိမ် ချထိုက်ကြသူများ ဖြစ်ကြပါသည်။ ဤ၀ဋ်ဒုက္ခမှ အမြန်ဆုံး လွတ်ကင်းကြရန် ဆုတောင်းလျှက် အမိမြေကို ကျေးဇူးဆပ်နေကြသူ အားလုံးကို ဤစာတမ်းငယ် ဖြင့် ကန်တော့လိုက်ပါကြောင်း။
ကျနော့် ၏ စုစည်းမှုများကို မျှဝေ မြည်းစမ်းကြည့်ခြင်း

thank you very much...bravo...welcome....i really respect.....we love arakan.....you said some people are betray to arakanese.
Reply