ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု ၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲ

ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု ၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ သမိုင်းမြို့မ ပရိယတ္တိ စာ သင်တိုက်မှာ ၉၆၊ ၉၈ ကျောင်းသားတွေက ဦးဆောင်ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ အ တိတ်ကို ပြန်တူးဆွပြီး စားမြုံ့ပြန်လိုတာ မဟုတ်ဘဲ ဒီမိုကရေစီ ခရီးလမ်းရဲ့ သမိုင်းဝင် ဖြစ်ရပ်တခုကို တန်ဖိုးထား မမေ့ လျော့ အသိအမှတ်ပြုလိုတဲ့အတွက် အထိမ်းအမှတ်ပွဲကို ပြုလုပ်တာ ဖြစ်တယ်လို့ ဖိတ်စာမှာ ရေးသားထား ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၆ ဒီဇင်ဘာလမှာ ကျောင်း သားထု အခွင့်အရေး ကာကွယ်ရေးအတွက် စတင်ခဲ့တဲ့ ကျောင်း သား လှုပ် ရှားမှုကနေ တနိုင်ငံလုံး တက္ကသိုလ်ကျောင်းတွေဆီ ပြန့်နှံသွားပြီး ဒီမိုကရေစီရေး အထိ တောင်းဆို တိုက်ပွဲ ၀င်ခဲ့တဲ့ ၁၆ နှစ်ပြည့် အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်။်from DVB TV NEWS

SHARE THIS
Previous Post
Next Post