လက်ပံတောင်း သပိတ်စခန်းများအား
အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းနှင့်
ကချင်ပြည်နယ်တွင် စစ်ပွဲများ ဆက်
လက်ဖြစ်ပွားနေခြင်းကို ဆန့်ကျင်
သည့်အနေဖြင့် နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ
က သမ္မတ ဦးသိန်းစိန် အိန္ဒိယ ခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၁၇
ရက်နေ့က စတင်ခဲ့သည့် ငါးရက်ကြာ ထိုင်သပိတ်ကို ဆက်လက်
ဆင်နွှဲလျက်ရှိကြသည်။
အိန္ဒိယနှင့် နိုင်ငံတကာမှ မြန်မာပြည် အခြေအနေမှန်အား သိရှိစေရန် မြို့
လယ်ရှိ ဂျန်တားမန်တား အရပ်တွင်ထိုင်သပိတ်လုပ်ရခြင်းဖြစ်ကြောင်း ဒေလီရှိ
ရွှေဝါရောင် ကျောင်းတိုက်မှအရှင်ပညာဇောတ က မိန့်ဆိုသည်။
“အိန္ဒိယအစိုးရကို ဦးဇင်းတို့ တောင်းဆိုချင်တာကတော့ အခုလက်ရှိဦးသိန်းစိန် အစိုးရဟာ ပြည်သူတွေအပေါ်မှာ ဟိုအရင်ကလိုပဲ အကြမ်းဖက်မူတွေ၊ တိုင်းရင်း
သားဒေသတွေမှာလည်း အကြမ်းဖက်မူတွေရှိနေသေးတယ်။ ဒီအစိုးရနဲ့ ရှေ့ဆက်ပြီး လက်တွဲဆောင်ရွက်ရမယ့်ကိစ္စတွေမှာ အလေးအနက်စဉ်းစားပြီးတော့ ဆောင်ရွက်ပါ
လို့ ပြောချင်တယ်။
ထိုင်သပိတ်ဆန္ဒပြတဲ့ သူတွေကို အကြမ်းဖက်ပြီး မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခဲ့တဲ့အပေါ်မှာ
အစိုးရဟာ ရာဇဝတ်မူ ကျုးလွန်လိုက်တာဘဲလို့ နိုင်ငံတကာကို သိခိုင်းစေချင်တဲ့
အတွက် ဒီနေ့ ဒီလိုငါးရက် တိုင်တိုင် ထိုင်သပိတ်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်”
ဟု မဇ္ဈိမကို မိန့်ကြားသည်။
အင်အား ၅၀ ဖြင့် စတင်လိုက်သည့် ထိုင်သပိတ်တွင် ပါဝင်ဆင်နွှဲသူဇိုမီးအမျိုးသား
ကိုမင်းထန် ကလည်း “ပြည်ပ နိုင်ငံတကာ ရောက်နေတဲ့ ဒီမိုကရေစီ ဘက်တော်သားများ ဆက်လက်ပြီးတော့ အစိုးရရဲ့မတရား လုပ်ရပ်ပေါ်မှာ နိုင်ငံတကာမှာ ဆန္ဒဖော်ထုတ်ဖို့ 
ဒီကနေတိုက်တွန်းပါတယ်။
ဒီလိုလုပ်ခြင်းဟာ ကျနော်တို့ မြန်မာပြည်လူထုတွေ ရဲ့ခံစားချက်ကို ဖော်ထုတ်တဲ့
အတွက်ကြောင့် မွန်မြတ်တဲ့ ဆန္ဒဖော်ထုတ်မူ တခုဖြစ်တယ်လို့ ကျနော် မြင်ပါ
တယ်” ဟု ပြောဆိုသွားသည်။
တနင်္လာနေ့တွင် စတင်လိုက်သည့် ထိုင်သပိတ်မှ သမ္မတဦးသိန်းစိန်အိန္ဒိယနိုင်ငံကို
ရောက်ရှိလာမည့် ဗုဒ္ဓဟူးနေ့နှင့်ပြန်လည်ထွက်ခွါမည့် သောကြာနေ့တို့တွင် ချီတက်ဆန္ဒပြပွဲများကို ပြုလုပ်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
ဦးသိန်းစိန်မှာ ဒီဇင်ဘာလ ၂၀ နှင့် ၂၁ နေ့များတွင် နယူးဒေလီမြို့၌ ကျင်းပမည့် အိန္ဒိယ-
အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။
နယူးဒေလီ (မဇ္ဈိမ)။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
