မြေပုံ ဒုက္ခသည် စခန်းတွင် ခိုက်ရန် ဖြစ်ပွား၊ တစ်ဦး ဒဏ်ရာရ၊ ၇ ဦးဖမ်းဆီးခံ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မွတ်ဆလင်
 ဒုက္ခစခန်းတွင် အချင်းချင်း ခိုက်ရန်
 ဖြစ်ပွားရာမှ ဓါးခုတ်မူ ဖြစ်ပွားရာ
တစ်ဦး ဒဏ်ရာရပြီး ၇ ဦးကို ရဲက
 ဖမ်းဆီးသွားသည်ဟု သိရသည်။



NLD ပါတီ မြေပုံမြို့နယ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက ယခုလို ပြောသည်။
“ ဖြစ်တာက ဒီဇင်္ဘာလ ၆ ရက်နေ့က ဖြစ်ပွားတာ ဖြစ်ပါတယ်။

 ဦးစံသိန်းဆိုတဲ့ မွတ်ဆလင် တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ နောက်ထပ် မွတ်ဆလင် ၇ ဦးကိုတော့ ရဲက ဖမ်းဆီးလိုက်ပါတယ်” ဟု ဆိုသည်။

ဦးစံသိန်းမှာ ဒဏ်ရာ ပြင်းထန်သော်လည်း လုံခြုံရေး အရ ဆေးရုံကို  မတင်နိုင်ဘဲ မြို့နယ် ပြည်သူ့ ဆေးရုံ ဆေးအဖွဲ့ တစ်ခုက နေ့စဉ် သွားရောက် ကုသ နေရသည်ဟု ဆိုသည်။

“ ဦးစံသိန်းမှာ သုံးလေးချက်တော့ ချုပ်ရတယ်လို့ ပြောပါတယ်။ သေနိုင်လောက်အောင်ထိတော့ မပြင်းထန်ဘူးလို့ ကြားရပါတယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ နာမည်ကိုတော့ မရပါ။ အခု ရဲစခန်းမှာ ရှိနေပါတယ်” ဟု သူမက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် အတွက် ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခု အချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

နိရဉ္စရာသတင်းဌာန

SHARE THIS
Previous Post
Next Post