အိန္ဒြာကျော်ဇင်နဲ့ ရုပ်ချင်းဆင်တူတဲ့အတွက် တူမဖြစ်သူ မေတိုးခိုင်ကို အိန္ဒြာကျော်ဇင် အသေးစားလေးလို့လည်း ပရိသတ်တွေက ဆိုကြပါတယ်။ ဒီလိုမျိုး လူပြောများ လာကြတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးဖို့ စိတ်ကူးနဲ့အတူ ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးက တူဝရီးနှစ်ဦးရဲ့ ပုံရိပ် ဒီဇိုင်း ဆန်းဆန်းလေးတွေကို ရိုက်ကူးခဲ့ပြီးရှေ့ အပတ် ပေါ်ပြူလာဂျာနယ် မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အဒေါ်နဲ့တူမနှစ်ယောက် ရဲ့ ဒီဇိုင်းဆန်းဆန်းလေး တွေကို မြင်တွေ့ကြရပြီး တအားကို နှစ်သက် သဘောကျနေကြပါတယ်။ ဓာတ်ပုံရိုက်ကွင်း မှာတော့ တူမဖြစ်သူနဲ့ ပထမဆုံးအတူတူ ရိုက်ကူးမှုဖြစ်တာကြောင့် အိန္ဒြာကျော်ဇင်က တူမ ဖြစ်သူ မတိုးခိုင် အတွက် အစစအရာရာ သေချာပြင်ဆင်ပေးနေသလို အိုက်တင် ပုံစံတွေကိုပါ သင်ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုတစ်ပတ် မှာတော့ အဒေါ်ဖြစ်သူ အိန္ဒြာ ကျော်ဇင်ကို တူမဖြစ်သူရဲ့ အနုပညာနဲ့ ပတ်သက်ပြီး သူ့မျှော်လင့်ထားမှုတွေကို မေးမြန်းဖြစ်ခဲ့ ပါတယ်။ ဓာတ်ပုံ ရိုက်ကွင်းမှာ တူမဖြစ်သူ မေတိုးခိုင်ကို အစစအရာရာ သေချာပြင် ဆင်ပြောပြ
ပေးနေတဲ့ အိန္ဒြာကျော်ဇင်ကို တူမလေးနဲ့အတူ ဓာတ်ပုံ ရိုက်ကူး ရတဲ့ခံစားမှုကို မေးတော့ “ကိုယ့်တူမနဲ့ ရိုက်ရတာ နည်းနည်းတော့ ပိုပင်ပန်း တယ်။ ကိုယ့်တစ်ယောက်တည်း အိုက်တင် မဟုတ်ဘူး။ သူ့အိုက်တင်ပါ ကြည့်ရတာလေ။ သူအဆင်ပြေဖို့အတွက်ပါ စဉ်းစားရတယ်။ ကိုယ့် တူမနဲ့ ရိုက်ရတာ ပျော်ဖို့ကောင်း ပါတယ်။ သူနဲ့ဒီလိုရိုက်တာက ပထမဆုံး ပါပဲ။ အဝတ်အစားက မသဲ(vivid)က စပွန်ဆာပေးတယ်။ ကိုဝဏ္ဏကလည်း ဒီလို တိုက်ခေါင်မိုးပေါ်မှာ ရိုက်ချင်တယ် ဆိုတော့ မသဲနဲ့တိုင်ပင်ပြီး ခုခေတ်မှာ Update ဖြစ်နေတဲ့ စတိုင်လေး ရိုက်ဖြစ်တာပါ။ သူ့ကို မိတ်ကပ်က လည်း ပေါ့ပေါ့ပါးပါးလေး လိမ်းဖို့ အတွက်ပြောထားတာ” လို့ဆိုပါတယ်။
ဓာတ်ပုံတွဲရိုက်ရင်းနဲ့ တူမဖြစ်သူရဲ့ အနုပညာ အရည်အသွေးကို ဝါရင့် အနု ပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လို မြင်မိလဲလို့ မေးတော့ “သူက ငယ်နေ သေးတော့ အလုပ်အပေါ်မှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စိတ်၊ လူကြီး စိတ်လေး မရှိသေးဘူး။ ပေါ့ပေါ့ပါးပါး စိတ်မျိုးပဲရှိသေးတယ်။ တကယ်လုပ် မယ်ဆို ရင် သူ့ မှာ Talent လေးတော့ရှိ တယ်” လို့ အိန္ဒြာ ကျော်ဇင်က သူ့ရဲ့ အမြင် ကိုပြောပြပါတယ်။
"တူမဖြစ်သူရဲ့ အနုပညာ အရည်အသွေးကို ဖွင့်ဟလိုက်တဲ့ အိန္ဒြာကျော်ဇင်" အိန္ဒြာကျော်ဇင်နဲ့ ရုပ်ချင်းဆင်တူတဲ့အတွက် တူမဖြစ်သူ မေတိုးခိုင်ကို အိန္ဒြာကျော်ဇင် အသေးစားလေးလို့လည်း ပရိသတ်တွေက ဆိုကြပါတယ်။ ဒီလိုမျိုး လူပြောများ လာကြတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးဖို့ စိတ်ကူးနဲ့အတူ ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးက တူဝရီးနှစ်ဦးရဲ့ ပုံရိပ် ဒီဇိုင်း ဆန်းဆန်းလေးတွေကို ရိုက်ကူးခဲ့ပြီးရှေ့ အပတ် ပေါ်ပြူလာဂျာနယ် မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အဒေါ်နဲ့တူမနှစ်ယောက် ရဲ့ ဒီဇိုင်းဆန်းဆန်းလေး တွေကို မြင်တွေ့ကြရပြီး တအားကို နှစ်သက် သဘောကျနေကြပါတယ်။ ဓာတ်ပုံရိုက်ကွင်း မှာတော့ တူမဖြစ်သူနဲ့ ပထမဆုံးအတူတူ ရိုက်ကူးမှုဖြစ်တာကြောင့် အိန္ဒြာကျော်ဇင်က တူမ ဖြစ်သူ မတိုးခိုင် အတွက် အစစအရာရာ သေချာပြင်ဆင်ပေးနေသလို အိုက်တင် ပုံစံတွေကိုပါ သင်ပေးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုတစ်ပတ် မှာတော့ အဒေါ်ဖြစ်သူ အိန္ဒြာ ကျော်ဇင်ကို တူမဖြစ်သူရဲ့ အနုပညာနဲ့ ပတ်သက်ပြီး သူ့မျှော်လင့်ထားမှုတွေကို မေးမြန်းဖြစ်ခဲ့ ပါတယ်။ ဓာတ်ပုံ ရိုက်ကွင်းမှာ တူမဖြစ်သူ မေတိုးခိုင်ကို အစစအရာရာ သေချာပြင် ဆင်ပြောပြ ပေးနေတဲ့ အိန္ဒြာကျော်ဇင်ကို တူမလေးနဲ့အတူ ဓာတ်ပုံ ရိုက်ကူး ရတဲ့ခံစားမှုကို မေးတော့ “ကိုယ့်တူမနဲ့ ရိုက်ရတာ နည်းနည်းတော့ ပိုပင်ပန်း တယ်။ ကိုယ့်တစ်ယောက်တည်း အိုက်တင် မဟုတ်ဘူး။ သူ့အိုက်တင်ပါ ကြည့်ရတာလေ။ သူအဆင်ပြေဖို့အတွက်ပါ စဉ်းစားရတယ်။ ကိုယ့် တူမနဲ့ ရိုက်ရတာ ပျော်ဖို့ကောင်း ပါတယ်။ သူနဲ့ဒီလိုရိုက်တာက ပထမဆုံး ပါပဲ။ အဝတ်အစားက မသဲ(vivid)က စပွန်ဆာပေးတယ်။ ကိုဝဏ္ဏကလည်း ဒီလို တိုက်ခေါင်မိုးပေါ်မှာ ရိုက်ချင်တယ် ဆိုတော့ မသဲနဲ့တိုင်ပင်ပြီး ခုခေတ်မှာ Update ဖြစ်နေတဲ့ စတိုင်လေး ရိုက်ဖြစ်တာပါ။ သူ့ကို မိတ်ကပ်က လည်း ပေါ့ပေါ့ပါးပါးလေး လိမ်းဖို့ အတွက်ပြောထားတာ” လို့ဆိုပါတယ်။ ဓာတ်ပုံတွဲရိုက်ရင်းနဲ့ တူမဖြစ်သူရဲ့ အနုပညာ အရည်အသွေးကို ဝါရင့် အနု ပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လို မြင်မိလဲလို့ မေးတော့ “သူက ငယ်နေ သေးတော့ အလုပ်အပေါ်မှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စိတ်၊ လူကြီး စိတ်လေး မရှိသေးဘူး။ ပေါ့ပေါ့ပါးပါး စိတ်မျိုးပဲရှိသေးတယ်။ တကယ်လုပ် မယ်ဆို ရင် သူ့ မှာ Talent လေးတော့ရှိ တယ်” လို့ အိန္ဒြာ ကျော်ဇင်က သူ့ရဲ့ အမြင် ကိုပြောပြပါတယ်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
