UN အထွေထွေအတွင်းရေးမှူး၏ အကြံပေး ဘီဂျေ နာမ်ဘီးယား မနက်ဖြန် ရခိုင်သွားမည်

UN အထွေထွေအတွင်းရေးမှူး၏ အကြံပေး အထူးကိုယ်စားလှယ် ဘီဂျေ နာမ်ဘီးယား မနက်ဖြန် ရခိုင်ပြ ည်နယ်သို့သွားရောက်မည်ဖြစ်သည်။ သို့သော်လည်း အကြောင်းအရင်းကို မသိရှိရသေးပေ။ နာမ်ဘီးယားနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားတို့သည် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွါးနေစဉ်အတွင်း သွားရောက်ခဲ့ပြီး ဘင်္ဂါလီ ခေါင်းဆောင်များနှင့် သာတွေ့ဆုံပြီး ရခိုင်တိုင်းရင်းသား များနှင့် တွေ့ဆုံခြင်းမရှိသဖြင့် ဘက်လိုက်သည်ဟု ဝေဖန်ခြင်းခံထားရသည်။ ဓါတ်ပုံ - နိုင်ငံတော် သမ္မတရုံး

SHARE THIS
Previous Post
Next Post