သီရိလင်္ကာ အမျိုးသမီး တစ်ဦးကို ဆော်ဒီအာရေဗျ ဥပဒေအရ ခေါင်းဖြတ်
သတ်ခဲ့သည့်နောက် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။ သီရိလင်္ကာမှ
ငယ်ရွယ်သော အမျိုးသမီး တစ်ဦးသည် အရှေ့အလယ်ပိုင်း
ဒေသရှိ ကြွယ်ဝချမ်းသာသော ဘုရင့်နိုင်ငံတော်သို့ (၂၀၀၅)ခုနှစ်က
ရောက်ရှိခဲ့သည်။
သူမသည် ကလေးထိန်း အလုပ်ကို ဝင်ရောက် လုပ်ကိုင်ခဲ့ရာမှ ကံဆိုးခဲ့ပြီးနောက်
ကလေးဖြစ်သူ သေဆုံးသွားခဲ့သည်။ အဆိုပါ (၄)လအရွယ် ကလေးငယ် သေဆုံးခဲ့သည့်နောက်
ရီဇာနာ နာဖိခ်သည် (၇)နှစ်ကြာ ထောင်ချခံထားရပြီးနောက် ယခုအခါ ခေါင်းဖြတ်
သေဒဏ်ပေးခြင်း ခံခဲ့ရသည်။
သူမသည် (၂၀၀၄)ခုနှစ်က ဆူနာမီရေလှိုင်းများ ရိုက်ခတ်မှုကြောင့်
ရွှေ့ပြောင်းနေထိုင်ရသည့် ဆွေမျိုးများကို ထောက်ပံ့ကူညီရန် ဆော်ဒီတွင် လာရောက် ငွေကြေးရှာဖွေခဲ့ခြင်း ဖြစ်သည်။
Planet Myanmar Network