USA
စူပါစတား၊ လီယိုနာဒိုဒီ ကာပရီယိုသည်၊ တိုက်တန်း နစ်ဇာတ်ကားဖြင့် ကမ္ဘာကျော်
ခဲ့သည်။ ရုပ်ရှင်လောကတွင် ဆက်လက်အောင်ပွဲခံနေ သည်။ ထိုဇာတ်ကားတွင်
ချစ်တတ်သော ချစ်သူအဖြစ် သရုပ်ဆောင်ရာတွင် ဈာန်ဝင်လှသဖြင့် ကမ္ဘာကျော်
ခဲ့ခြင်းဖြစ်သည်။ ယခုရိုက်ကူးဆဲ 'ဒီဂျန်ဂိုးလ် အန်ချိန်း'(Django
Unc-hained)ဇာတ်ကားတွင် ဗီလိန်အဖြစ် သရုပ်ဆောင်ထား သည်။ ထိုဇာတ်ကား၏
ဇာတ်ဝင်ခန်းတစ်ခုတွင် မတရားသော ခြံပိုင်ရှင်နှင့်လီယိုတို့ စကားများသော
ရိုက်ကွင်း၌ လီယိုကစားပွဲ ပေါ်မှ ဖန်ခွက်ကိုပုတ်ထုတ်ပြီး၊ ဒေါသကြီးပုံ
သရုပ်ဆောင်ရမည်ဖြစ် သည်။ လီယိုသည် ဇာတ်ရုပ်ကို ဈာန်ဝင်စားကာ စတင်ရိုက်ကူး
သောအခါ ဖန်ခွက်ကို အားသွင်းပုတ် ထုတ်လိုက်ရာ ဖန်ခွက်ကွဲပြီး၊ လက်ဝါး
ရှပြဲသွားကာ သွေးများ ဒလဟောစီးထွက်ကုန်သည်။ သို့သော် ရိုက်ကွက်မရပ်ဘဲ
ဆက်ရိုက်ခဲ့ သည်။ ရိုက်ကွက်ပြီး သောအခါ လက်ကိုချုပ်ရိုးချုပ်ပြီးကုသခဲ့ ရကြောင်း အင်တာနက် ကဆိုသည်။
ညိုမင်းလွင်(မော်ကျွန်း)
မှ မန္တလေးအာရုဏ်ဦး

SHARE THIS