လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း

ဇန်န၀ါရီလ ၉ရက်၊ ၂၀၁၃ခုနှစ်၊ ၆း၃၇ နံနက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မမတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉/၂ဝ၁၃ ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်) လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေးအတွက် အစိုးရ အဖွဲ့အစည်းများ အတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့် လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေရေးတို့အတွက် ''လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ'' ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်- (၁) ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယသမ္မတ ဥက္ကဌ (၂) ဒုတိယဗိုလ်ချုပ်ကြီးကိုကို ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင် (၃) ဦးသိန်းညွှန့် ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၁) အဖွဲ့ဝင် (၄) ဦးစိုးမောင် ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၂) အဖွဲ့ဝင် (၅) ဦးစိုးသိန်း ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၃) အဖွဲ့ဝင် (၆) ဦးတင်နိုင်သိန်း ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန(၅) အဖွဲ့ဝင် (၇) ဒေါက်တာထွန်းရှင် ပြည်ထောင်စုရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင် (၈) ဦးသန်းကျော် အဖွဲ့ဝင် နိုင်ငံတော်သမ္မတ၏ဥပဒေအကြံပေးအဖွဲ့ အဖွဲ့ဝင် (၉) ဦးလှထွန်း ညွှန်ကြားရေးမှူးချုပ် နိုင်ငံတော်သမ္မတရုံး အတွင်းရေးမှူး (ပုံ)သိန်းစိန်း နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

SHARE THIS