၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် ၀န်ကြီးဌာနအချို့၏ ခေတ်နှင့်မလျော်ညီသော စီမံကိန်းကြီးများကို ရပ်ဆိုင်းရန် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ပထမအကြိမ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးများတွင် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းများကို ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားခဲ့သည်။
ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့မှ ရေးဆွဲတင်သွင်းလာမည့် ၂၀၁၃ ခုနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် နောက်ဆက်တွဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း (ဘတ်ဂျက် ဥပဒေကြမ်း) ကို ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
အစိုးရပိုင် စီမံကိန်းကြီးတွေထဲမှာ တချို့က ခေတ်နဲ့မလျော်ညီတော့တာတွေ ရှိတယ်။ တချို့စက်ရုံ စီမံကိန်းကြီးတွေဆို အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဆက်မလုပ်နိုင်ဘူး။ ရပ်နေတယ်။ တချို့စက်ရုံကြီးတွေဆို ဆက်လက် လည်ပတ်နေပေမယ့် အရှုံးပေါ်နေတယ်။ အမြတ်မရှိသလောက် နည်းတယ်။ ဥပမာ ပခုက္ကူစက်မှုဇုန်မှာရှိတဲ့ Ta Ta ကားစက်ရုံဆိုရင် စာချုပ်ချုပ်ပြီး ကားဆက်မထုတ်နိုင်ဘူး။ သာဂရစက်မှုဇုန်မှာရှိတဲ့ အကြီးစားစက်မှုလုပ်ငန်းကြီးတွေ တချို့လည်း ဒီလိုမျိုးတွေရှိတယ် . . .
"ဒီတစ်ခေါက်လွှတ်တော်က ဘတ်ဂျက်ဥပဒေကြမ်းကို အဓိကဆွေးနွေး အတည်ပြုရမှာ ဖြစ်ပါတယ်။ ၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပြီးနောက် ဘတ်ဂျက်ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေး အတည်ပြုသွားကြဖို့ ရှိပါတယ်။ အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးစရာအချက်တွေ ရှိပါတယ်။ အစိုးရပိုင် စီမံကိန်းကြီးတွေထဲမှာ တချို့က ခေတ်နဲ့မလျော်ညီတော့တာတွေ ရှိတယ်။ တချို့စက်ရုံ စီမံကိန်းကြီးတွေဆို အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဆက်မလုပ်နိုင်ဘူး။ ရပ်နေတယ်။ တချို့စက်ရုံကြီးတွေဆို ဆက်လက်လည်ပတ်နေပေမယ့် အရှုံးပေါ်နေတယ်။ အမြတ်မရှိသလောက် နည်းတယ်။ ဥပမာ ပခုက္ကူစက်မှုဇုန်မှာရှိတဲ့ Ta Ta ကားစက်ရုံဆိုရင် စာချုပ်ချုပ်ပြီး ကားဆက်မထုတ်နိုင်ဘူး။ သာဂရ စက်မှုဇုန်မှာရှိတဲ့ အကြီးစားစက်မှုလုပ်ငန်းကြီးတွေ တချို့လည်း ဒီလိုမျိုးတွေရှိတယ်။ ဒါမျိုးတွေကို အကျိုးမရှိရင် ရပ်ဆိုင်းဖို့ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ပုဂ္ဂလိက လွှဲလို့ရတာတွေကို လွှဲပေးနိုင်ဖို့ စီစဉ်သင့်ကြောင်း ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု ပြည်သူ့လွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားခဲ့သည်။
စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ စီမံကိန်းအချို့ကို သုံးသပ်ဆွေးနွေးသွားရန် ရှိကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနများ၏ စီမံကိန်းများကို ထိရောက်စွာ ပိုမိုဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ဦးအေးမောက်၏ ပြောကြားချက်အရ သိရသည်။
"နောက်တစ်ခုက တိုင်းနဲ့ပြည်နယ်တွေမှာ ဖွံ့ဖြိုးမှု တန်းတူညီအောင် စီမံကိန်းတွေ ဆောင်ရွက်ဖို့ ဆွေးနွေးမှာပါ။ ရခိုင်၊ ရှမ်း၊ ချင်း စတဲ့ပြည်နယ်တွေမှာ ပိုလုပ်ပေးဖို့၊ နောက်တစ်ခါ ငြိမ်းချမ်းရေးရပြီးရင် ကချင်မှာ ပိုလုပ်ပေးဖို့ ဆွေးနွေးပါမယ်။ ကျန်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုက ၀န်ကြီးဌာနတွေအနေနဲ့ နိုင်ငံခြားချေးငွေတွေကို စိစိစစ်စစ် သုံးနိုင်ဖို့ ဆွေးနွေးပါမယ်။ တချို့ဝန်ကြီးဌာနတွေအနေနဲ့ နိုင်ငံခြားချေးငွေကို လစာပေးမယ့်နေရာမှာ သုံးမယ့်အစား ပိုမိုအကျိုးရှိတဲ့ နေရာမှာသုံးရင် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်မှာပါ" ဟု ဦးအေးမောက်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ယခုကျင်းပမည့် လွှတ်တော်တွင် မြန်မာနိုင်ငံသားများ ရင်းမှုပ်နှံမှုဥပဒေ အပါအ၀င် အခြားဥပဒေများကိုလည်း အတည်ပြုရန်ရှိကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနှင့် အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီတို့ ပူးပေါင်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် မူဝါဒရေးရာ အကောင်အထည်ဖော်ဆောင်ရွက်ရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ တင်သွင်းရန်ရှိကြောင်း သိရသည်။
Eleven
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
နှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသား တယောက်မှ ထောင်ထဲ မကျန်စေရဘူးလို့ ကတိပေး Tuesday, July 16, 2013 ဗြိတိန် နိုင်ငံကို ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် ရောက်နေတဲ့ မြန်မာ
ယောက်ဖဟု ခေါ်သဖြင့် လူသတ်မှုဖြစ် ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြုချိုင် တောင်ပေါ်ကျေးရွာအနီး လယ်တဲ တွင် ‘ယောက်ဖ... ယောက်ဖ’ ဟု
မြန်မာများကို ကာကွယ်ပေးရေး မလေးသံရုံးရှေ့ ဆန္ဒပြမည် အကြမ်းဖက်မှုများ ဆက်တိုက်ခံနေရသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အကာအကွယ်
ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ် Wednesday, July 03, 2013 မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအေ
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
လိုင်းကားမှ ရပ်ထားသောနောက်တွဲယာဉ်အားတိုက်မိ၍ လိုင်းကား ယာဉ်မောင်းသေဆုံး၊ခရီးသည်ဒဏ်ရာရ ၁၅.၆.၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ရတနာလမ်းတွင် သာကေတမြို့နယ်ဘ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)