Michael Kearney လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အသက် ၁၀ နှစ်မှာ မနုဿဗေဒ ပညာရပ်နဲ့ ဘွဲ့ရပြီး ကမ္ဘာ့အသက်အငယ်ဆုံးနဲ့ ဘွဲ့ရှိသူအဖြစ် စံချိန်ခဲ့ပါတယ်။
အသက် ၁၄ နှစ်ရောက်တော့လည်း ဓာတုဇီဝ ဘာသာရပ်နဲ့ မာစတာဒီဂရီ ရရှိခဲ့ပါတယ်။ အဲ့တုန်းကလည်း ဂင်းနစ်စံချိန်တင်ခဲ့ပြန်ပါသေး တယ်။
၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ဖွားပြီး အသက် ၄ လပိုင်းလောက်နဲ့ စကား တစ်လုံးစ နှစ်လုံးစ ပီပီပြင်ပြင် စပြောနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာ နေထိုင်တဲ့ အမေရိကန်ကပြား လူငယ် ဖြစ်ပါတယ်။ ၆ လသားအရွယ်ရောက်တော့ တော်တော်ပြောတတ် သွားပါပြီ။ အသက် ၄ နှစ်သား ရောက်တော့ Johns Hopkins ရဲ့  သင်္ချာဥာဏ်စမ်းပုစ္ဆာများကို အမှတ်ပြည့်ရအောင် ဖြေနိုင်ပြီး San Marin High School မှာ ကျောင်းစတတ်ပါတယ်။ အသက် ၆ နှစ်သားမှာပဲ အထက်တန်း ကျောင်းပညာ ပြီးဆုံးပါတယ်။ အဲ့တုန်းက ၁၉၉၀ ခုနှစ် ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်ကပဲ Santa Rosa Junior College ကို ဆက်တက်ပြီး အသက် ၈ နှစ်သားမှာ Associate of Science မေဂျာနဲ့ အောင်မြင်ပါတယ်။ ဆက်ပြီးတော့ University of South Alabama မှာ မနုဿဗေဒ ဘာသာအထူးပြု တက်ရောက်ပြီး အသက် ၁၀ နှစ်သားနဲ့ ဘွဲ့တစ်ခု ရရှိခဲ့ပါတယ်။ အဲ့မှာပဲ ဂင်းနစ်စံချိန်တင်မှုက စင်တင် ပါတော့တယ်။
အသက် ၁၄ နှစ်သားရောက်တော့ Middle Tennessee State University မှာ ဓာတု ဇီဝ ဘာသာရပ်နဲ့ မာစတာဘွဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒီမှာလည်း ဂင်းနစ် စံချိန်ထပ်တင်နိုင်ခဲ့ပါသေးတယ်။ သူ စာတန်းပြုစုထားတဲ့ ၁၁၈ မျက်နှာစာ thesis ဟာလည်း တော်ရုံလူ မရေးနိုင်တဲ့ ဟာကို ရေးသားပြုစုခဲ့ခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ နောက်တော့ အမေရိကန်နိုင်ငံ ရုပ်သံတီဗီတွေမှာ နာမည်ကြီး လူငယ် တစ်ဦး ဖြစ်လာပြီး ဥာဏ်စမ်းပဟေဌိပွဲပေါင်းမြောက်များစွာမှာ ပါဝင်လာပါတယ်။ ပွဲတိုင်းမှာလည်း အမေရိကန်ဒေါ်လာ သိန်းချီတဲ့ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ပြီး ယနေ့အထိပဲ မိုက်ကယ်ဟာ လူငယ် ဥာဏ်ကြီးရှင်အဖြစ် ထင်ရှားကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး ပညာရေး
http://www.yoyarlay.com/local-news/education/33820-child-prodigy-michael-kearney
မှ YoYarLay
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)