ရန်ကုန် ယူနိုက်တက် အသင်းသည် ယခု အပြောင်းအရွှေ့ ကာလ၏ (၇)ဦးမြောက် ကစားသမား ခေါ်ယူမှု အဖြစ် သြစတြေးလျ နောက်ခံလူ မိုက်ကယ် ဆီဗက်ကော့စကီး ကို ခေါ်ယူ စာချုပ်လိုက်ပြီ ဖြစ်သည်။
အသက် (၂၅)နှစ် အရွယ်ရှိ သြစတြေးလျ၊ မက်ဆီဒိုးနီးယား လူမျိုး ဆီဗက်ကော့စကီး သည် မက်ဆီဒိုးနီးယား ပထမတန်းကလပ် ရာဘော့နီကီ အသင်းတွင် နောက်ဆုံး ကစားခဲ့ပြီး ရန်ကုန် အသင်းသို့ ရောက်ရှိလာခြင်း ဖြစ် သည်။ အရပ် (၆)ပေ (၃)လက်မ ရှိသော ဗဟို နောက်ခံလူသည် ဟောင်ကောင် ကလပ် ကစ်ချီ၊ အင်ဒိုနီးရှား ကလပ် ပါစီဘာရာ တို့တွင်လည်း ကစားခဲ့ဖူးသည်။
၂၀၁၃ ဘောလုံးရာသီတွင် အသစ် ပြောင်းလဲလိုက်သော (၃+၁) စနစ်အရ ရန်ကုန် အသင်းသည် နိုင်ငံခြားသား ကစားသမား (၄)ဦး ဖြစ်သော ဆီဇာ၊ ကိုနေး၊ ဂနိုစီယမ်နှင့် ယခုနောက်ဆုံး အာရှသား ဆီဗက်ကော့စကီး တို့ကို ခေါ်ယူခဲ့ပြီး ဖြစ်သည်။ ဘရာဇီးတိုက်စစ်မှူး ဆီဇာသည် ပြီးခဲ့သည့် ၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် ဒုတိယ အကျော့ အစတွင် ရန်ကုန်အသင်းသို့ ရောက်ခဲ့ခြင်း ဖြစ်ပြီး ကိုနေးတို့ (၃)ဦးကိုမူ ယခု အပြောင်းအရွှေ့ ကာလ ရောက်မှ ခေါ်ယူထားခြင်း ဖြစ်သည်။ ထို့အပြင် ပြည်တွင်း ကစားသမားများ ထဲမှ အောင်မိုး၊ နေ၀င်း၊ အောင်ဝေဖြိုးနှင့် ကျော် ကိုကို တို့ကိုလည်း အားဖြည့်ထားသည်။
နောက်ခံလူ ဆီဗက်ကော့စကီးကို ခေါ်ယူခြင်းနှင့် ပတ်သက်၍ အသင်းအုပ်ချုပ်သူ ဦးအောင်မြင့်မြတ်က “အ ပြောင်းအရွှေ့ ကာလမှာ ကျွန်တော်တို့ အသင်းက ကစားသမား (၇)ဦး အားဖြည့်ထားပါတယ်။ အဲဒီ (၇)ဦးစလုံး ဟာ ပထမတန်းစား ကစားသမားတွေ ချည်းပါပဲ။ အခု နောက်ဆုံး ခေါ်လိုက်တဲ့ ဆီဗက်ကော့စကီး ဆိုရင် အရပ် အမောင်း မြင့်မားတာကြောင့် အမြင့်ဘောတွေကို ကောင်းကောင်း ရှင်းထုတ်နိုင်မှာပါ။ ဒါကြောင့် AFC ပြိုင်ပွဲ တွေမှာ တကယ် အားကိုးရမယ့်သူလို့ ယုံကြည်ပါတယ်။ ရန်ကုန် အသင်းကို အား ပေးနေတဲ့ ပရိသတ်တွေ၊ မြို့မိ မြို့ဖတွေ ရန်ကုန်အသင်း အတွက် အမြဲတမ်း ဂုဏ်ယူနေရအောင် အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူ အားလုံးက ကြိုးစားနေပါတယ်။ အမှတ်ပေး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင် အောင်၊ AFC မှာ အောင်မြင်မှုတွေ ရအောင် ကြိုးစားသွားမှာပါ” ဟု ဆိုသည်။
ဆီဗက်ကော့စကီးသည် ရန်ကုန်နှင့် ဧရာဝတီ ယူနိုက်တက် တို့ကစားခဲ့သော ကွန်မြူနတီ ဖလားပွဲ မတိုင်မီ တစ် ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ကွန်မြူနတီ ပွဲတွင် ခြေစွမ်း ၀င်ရောက် စမ်းသပ်ကာ အားရကျေနပ်မှု ရှိ သောကြောင့် ယခုလို စာချုပ်လိုက်ခြင်း ဖြစ်သည်။
Ref: Yangon United FC
မှ Yatanarpon Call Center
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
"မန်ယူကစားသမားဟောင်းများ ပါဝင်သည့် ရန်ပုံငွေပွဲ ၀င်ကြေး ပုံမှန်သာ ကောက်ခံမည်" ဧပြီ-၂၇ မန်ယူကစားသမားဟောင်းများပါဝင်ကစားကြမည့် ရန်ပုံငွေပွဲဝင်ကြေးကို ပုံမှန်နှုန်းအတိုင်းသ
လိဂ်ဖလား ၄မျိုးယူပြီး ဘက်ခမ်း စံချိန်တင် ပီအက်စ်ဂျီနှင့်အတူ လီဂူး-၁ဖလား ဆွတ်ခူးခဲ့သော ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်းမှာ မတူညီသော လိဂ်ပြု
အာဆင်နယ်ဖန်တို့ရဲ့အနာကို ဆားပက်ပေးခဲ့တဲ့ အီဗရာ ရော်ဘင် ဗန်ပါစီကြောင့် နာကျင်နေဆဲ အာဆင်နယ်အသင်း ပရိသတ်များရဲ့ ဒဏ်ရာအပေါ် မန်ချက်စတာ ယူနိုက်တက်
မြောင်းဘွေ - ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၌ ကျိန်းရိပ်မြေ FC အသင်းနှင့် မြောက်ဦးလက်ရွှေးစင် အသင်းတို့ တွေ့ ဆုံ (Local Sport News) Feb 25 , 2016 ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ နယ် ၊ မြောင်းဘွေစံပြ
မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ Sunday, May 19, 2013 ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက
ပရီးမီးယားလိဂ်တွင်ကစားဖြစ်ပါက လစာ အများဆုံးရရန် ဖယ်လ်ကာအို မျှော်လင့် ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများက ပစ်မှတ်ထားနေသည့် တိုက်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)