လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စ၍ အခြေခံပညာ မူလတန်းကျောင်း တွင် ပြည်သူ့နီတိ ဖတ်စာအုပ်ဖြင့် သင်ကြား ပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
လက်ရှိတွင် ပြည်သူ့နီတိကို ဖတ်စာအုပ်ဖြင့် သင်ကြား ပေးခြင်း မရှိသေးဘဲ ပြည်သူ့ နီတိ ဆိုင်ရာ ပြင်ပ စာပေများ ကိုးကား သင်ကြား ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
၎င်းဘာသာရပ် အတွက် ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ပြီး ဖြစ်ကာ အခြေခံပညာ မူလတန်း အဆင့်တွင် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခင်က အဆိုပါ ဘာသာရပ်ကို ဘာသာရပ် တစ်ခု အနေဖြင့် မဟုတ်ဘဲ ဖွံ့ဖြိုးရေး အချိန်များ တွင်သာ သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ယခုလက်ရှိတွင် အခြေခံပညာ မူလတန်းများ၌ ပုံမှန် သင်ကြား ပေးနေသည့် ဘာသာရပ် အနေဖြင့် ကလေးများ စိတ်နေ စိတ်ထားနှင့် နေထိုင်မှု ပုံစံများကို မှန်ကန်မှု ရှိစေရန် ရည်ရွယ်၍ စာရိတ္တ၊ ဘ၀တွက်တာ အစရှိသည့် ဘာသာရပ်များ ကိုပါ ထည့်သွင်း သင်ကြား ပေးလျက် ရှိကြောင်း သိရှိရသည်။
MWD
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
