အိုမင်းမှုကို ဘယ်လိုတားမလဲအသက်ကြီး လာရင် အရေပြားမျက် နှာပြင် ဆဲလ်သေတွေကို ကြေးချွတ်ဖို့ရာ အတွက် ပေါင်းတင်တဲ့နည်းနဲ့ အသားအရေ ထိန်းသိမ်းမှု စတင်ပြုလုပ်သင့် ပါတယ်။
သင့်အသားအရေ အမျိုးအစား အပေါ်မူ တည်ပြီး ပေါင်းတင်ကပ်ခွာကို သုံးပေးဖို့ လို ပါတယ်။ သွေးဆုံးချိန်မှာ အသားအရေပုံစံက ပြောင်းလဲလာတဲ့အတွက် ပုံမှန်အသား အရေထိန်းသိမ်းမှုမှာ အစိုဓာတ်ထိန်းခရင်မ် ကို မဖြစ်မနေ ပါဝင်အောင် လိမ်းပေးရပါ မယ်။ ငယ်စဉ်က ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရပါများတာကြောင့် မျက်နှာမှာ အစက် အပြောက်တွေ ထင်နေရင်၊ အရေးကြောင်း တွေရှိနေရင် ဖုံးအုပ်နိုင်ဖို့ အောက်ပါ နည်းတွေကို အသုံးပြုသင့်ပါတယ်။
မျက်နှာအစက်အပြောက်များဖုံးပါ မျက်နှာပေါ်က အပြစ်အနာအဆာ တွေကို ခရင်မ်ပုံစံ ဖောင်ဒေးရှင်း မိတ်ကပ် လိမ်းပေးပါ။ မျက်ဝန်းညိုမည်းမှုကို ဖုံး အုပ်နိုင်ဖို့ ကွန်ဆဲလာလိမ်းပါ။ မျက်နှာ ပေါ်က အရေးကြောင်းပါးပါးကို လျှော့ ချနိုင်ဖို့ ညမှာထက် နံနက်ခင်းမှာ ရေချိုး ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်း ပေးပါ။ ဒါမှသာ အရေပြားဟာ အစိုဓာတ်ကို ထိန်းထားနိုင်မှာဖြစ်ပြီး တစ်နေ့လုံး စိုပြည်တင်းရင်းနေမှာပါ။
အရောင်နုသော ပေါင်ဒါမှုန့်သုံးပါ အရောင်ဖျော့တဲ့ ပါးနီနဲ့ အိုင်းရှဲဒိုး တွေက ခြယ်ရတာ ပိုလွယ်ပြီး အချိန်ကုန် လည်း သက်သာစေပါတယ်။ ပါးနီ ဖျော့ ဖျော့ခြယ်တာက သင့်ကို ပိုမို နုပျိုငယ်ရွယ် စေပါတယ်။ ပါးပြင်မှာ နှင်းဆီဖူးလို တောက် ပနေအောင် ပါးနီဖျော့ဖျော့ခြယ်ပေးပါ။
ပါးရိုးပေါ်မှာ စတင် ခြယ်သပါ ပါးရိုးကနေ ဆံစပ်ဆီသို့ ပါးနီကို ဆွဲပြီးခြယ်သလိုက်ပါ။
အသက်ကြီး အမျိုးသမီးတွေရဲ့ အသားအရေကို အရောင် နုနုခြယ်သလိုက်ရင် နွမ်းနယ်ပင်ပန်းမှုနဲ့ အိုမင်းမှုတို့ကင်းကာ ပိုမိုနုပျို ပျော်ရွှင်ဟန် ထင်ရပါတယ်။ ဒါပေမဲ့ တစ်နေ့တာအ တွင်း ပါးနီကို အနည်းဆုံးတစ်ကြိမ် ပြန် လည်ခြယ်သပေးသင့်ပါတယ်။ အိုင်းလိုင်နာနဲ့ မက်စ်ကာရာကို အပေါ် မျက်တောင်ပေါ်မှာပဲ ဆိုးပါ အောက်မျက်ခမ်းအောက်မှာ အိုင်း လိုင်နာနဲ့ မက်စ်ကာရာတို့ ဆိုးရင် စွန်းပေ တတ်တာကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ပုံမျိုး ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ မျက်ဝန်းတစ် ဝိုက်က အရေးကြောင်းတွေ မသိသာစေ ဖို့ အပေါ်မျက်တောင်မှာပဲ အိုင်းလိုင်နာ ဆိုးတာ၊ မက်စ်ကာရာဆိုးတာတို့ လုပ် သင့်ပါတယ်။ မျက်ဝန်းအလှ ပေါ်လွင်ချင်ရင် မျက်တောင်ကော့တံနဲ့ ကော့ပြီးမှ
မက်စ်ကာရာဆိုးပေးပါ။
မျက်ခုံးကို ပုံလှလှသွင်းပါ မျက်ခုံးကို လှပအောင် ပုံဖော်တာ ကြောင့် မျက်နှာ တစ်ခုလုံးကို ပင့်တင်လိုက် သလို ရုပ်နုသွားစေပါတယ်။ မျက်ခုံးပုံ ဖော်ဖို့ အတွက် တစ်လတစ်ကြိမ် အလှ ပြင်ဆိုင် သွားပေးပါ။ အလှပြင်တိုင်း မျက်ခုံးကို အညိုရောင်နဲ့ ခြယ်ပါ။
ခရင်မ်ပုံစံနှုတ်ခမ်းဆိုးဆေးဆိုးပါ ခရင်မ်အမျိုး အစား နှုတ်ခမ်းဆိုးဆေး ဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသား တွေကို စိုပြည်စေသလို ပိုကြီးသလို ထင် ရစေပါတယ်။ နှုတ်ခမ်းသားကို နှင်းဆီ နီရောင်၊ မက်မွန်သီးရောင်၊ စတော် ဘယ်ရီ သီးရောင်ကို ဆိုးရင် နှုတ်ခမ်းသားကို စို ပြည်တောက်ပ စေပါတယ်။ နှုတ်ခမ်းဆိုး ဆေးအဆီ (Lip Gloss) ဆိုးမယ်ဆိုရင် အောက်နှုတ် ခမ်းသားရဲ့ အလယ်ကို ဆိုးပေးတာကြောင့် နှုတ်ခမ်းသားတောက်ပ ကာ ပြည့်တင်းစေ ပါတယ်။
အထူးလိုက်နာရန်
တစ်နေ့မှာ ရေရှစ်ဖန်ခွက် သောက် ပေးတာကြောင့် အသားအရေကို တင်း ရင်းစေပြီး ငယ်ရွယ်နုပျိုစေပါတယ်။
Ref::mratnaing
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
နိုင်ငံတော်သမ္မတကြီးသမ္မတအဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန် ၏အတ္တုပတ္တိ သမ္မတကြီး ဦးသိန်းစိန်သည်လက်အောက်ငယ်သားတွေအပေါ်မှာ တကယ်ပဲ သနားကျင်နာတဲ့သူ တစ်ဦးပါ သမ္မတြ
ရခိုင်ပြည်ကို ကာကွယ်ရန်လိုအပ်နေပြီ အကြမ်းဖက်ဗုံးဖောက်ခွဲမည် ဆိုသည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အပါအဝင် ရခိုင်ပြည်နယ်
ဦးထင်ကျော် သမ္မတဖြစ်လာခြင်းကို တစ်နိုင်ငံလုံးက ဝမ်းသာအားရကြိုဆိုကြသော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဖြစ်လာလျှင် ရခိုင်ဒေသခံတို့ဝမ်းသာအားရ ကြိုဆိုနိုင်ပါ့မလား...... (Short Political Article)March 16 , 2016၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ မြန်မာနိုင်ငံတွင် မဲ
ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ ယင
"သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ်တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ်လာကြတာ" သမိုင်းပါမောက္ခဒေါက်တာအေးချမ်းနှင့် တွေ့ဆုံခြင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟီဒေ
ရန်ကုန်ပညာရေးတက္ကသိုလ်၏ (၄၅) ကြိမ်မြောက် ဘွဲ့ နှင်းသဘင် ၁၉၃၁ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ပညာရေးတက္ကသိုလ်ကြီးကို နိုင်ငံတော်ရဲ့ ပညာရေးမူဝါဒတွေနဲ့ အညီ မြန
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)