မန္တလေး-ဇန်န၀ါရီ၂၉
မန္တလေးတိုင်းဒေသကြီးရှိစက်ဆုံးဆီဆိုင်၂ဆိုင်တွင် ဇန်န၀ါရီ၂၈ရက်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ်၊ ဥမှင်ရွာ၊ တံတားဦး-ကျောက်ဆည်ကားလမ်းရှိ ကျော်ကြားသူ
စက်ဆုံးဆီဆိုင်တွင် ဓါတ်ဆီပေပါဆီလှယ်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့်
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ အခြားသို့ ကူးစက်မှုမရှိဘဲ မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုးတိုက်ခန်း တန်ဘိုးငွေကျပ်(၄၀၅၀၀၀ိ/-)မှာ
မီးလောင်ဆုံးရှုံးခဲ့သဖြင့် လေဆိပ်ရဲစခန်း(ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်
အမှုဖွင့်ထားကြောင်း သိရှိရသည်။
ထိုနေ့ ညနေ၅နာရီ အချိန်က
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း၊ ၄၀x၄၁ လမ်းကြားရှိ
စက်သုံးဆီအရောင်းဆိုင်တွင် ၉ခ/xxxx ဆီဘောက်ဆာယာဉ်မှ ၆ဂ/xxxx
ဆီဘောက်ဆာယာဉ်သို့ ဆိုင်ဝန်ထမ်းနှစ်တို့ ၂ ဦးမှ ဆီဖြည့်စဉ်
မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ၅း၁၅ အချိန်
မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ၆ဂ/ xxxx ဆီဘောက်ဆာယာဉ်၏နောက်ပိုင်းနှင့် ကားတာယာ(၈)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၉၀၃၀၀၀ိ/ -) မီးလောင်ဆုံးရှုံးခဲ့သည့်အပြင်လူ၃ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သည်။
ပေါ့ဆစွာဆောင်ရွက်သူ ၄ ဦးအား မန္တလေးအမှတ်(၉)ရဲစခန်း(ပ)၆၆/ ၂၀၁၃၊
ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပြီး ယာဉ်မောင်း-----မှာ
ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းရဲဇာနည် မှသိရသည်။t
မှ Popular Myanmar News Journa
မန္တလေး-ဇန်န၀ါရီ၂၉
မန္တလေးတိုင်းဒေသကြီးရှိစက်ဆုံးဆ

SHARE THIS