January 8, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် အတွင်းရှိ မဟာမြိုင်ဒေသတောထဲ တွင် သဘာဝအလျောက် ပေါက် ရောက်လျက်ရှိသော အဖိုးတန် သစ်စေးပင်များအား မီးဖိုချောင် နှင့်စီးပွားရေးလုပ်ငန်းသုံးထင်း လောင်စာအဖြစ် ဒေသခံများခုတ် ယူရောင်းချနေမှုမှာ တစ်နေ့တစ် ခြားမြင့်မားလာသဖြင့် သစ်စေးပင် များ ရှားပါးလာခဲ့ကြောင်း မဟာ မြိုင်ဒေသအတွင်းရှိ ရွာတော်ရွာ နေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
““အခုဆိုရင် သစ်စေးပင်တွေ ကို ထင်းအဖြစ်ခုတ်ယူပြီး မောက္က တော်ရွာရဲ့အောက်နားမှာရှိတဲ့ မြောင်းဆင်းရွာဆိပ်ကမ်းကနေ မုံရွာကို ထင်းမော်တော်တွေနဲ့တင် ပို့နေကြတယ်။မုံရွာ အလုံဆိပ်ကမ်း မှာ ထင်းမော်တော်တွေပေါ်မှာ ကြည့်လိုက်ရင် သစ်စေးသားတွေ ဘဲ ခပ်များများတွေ့ရတယ်လို့”” ထင်းဝယ်သူတစ်ဦးက ဆိုပါတယ်။
““သစ်စေးကို သပိတ်ပုတီး ယွန်းထည်၊ကွမ်းအစ်၊ဘုရားရွှေ သင်္ကန်းကပ်တဲ့နေရာတွေမှာ အသုံး များပါတယ်။မြန်မာ့ယာဉ်ကျေးမှု လက်ရာတွေအမျိုးမျိုးပြုလုပ်တဲ့ ကုန်ကြမ်းပစ္စည်းတစ်မျိုးဖြစ်တယ်။ သစ်စေးကို ကလေးခရိုင်မင်ကင်း မြို့နယ် မဟာမြိင်လို့ခေါ်တဲ့ မောက္က တော် ချောင်းဖျားမှာထွက်တယ်။ ကသာနဲ့ရှမ်းပြည်မြောက်ပိုင်းဒေသ တစ်ချို့နေရာတွေနောက်ပြီး တောင်ငူဘက်မှာလည်း အနည်း ငယ်ထွက်တယ်။
သစ်စေးမှာ အနက်၊အနီ၊ အညို ဆိုပြီးထွက်တယ်။ ဈေးအ ကောင်းဆုံး၊အရင်ကဆိုရင် ဂျပန် နိုင်ငံကတောင်ဝယ်ခဲ့ဖူးတယ်။ အခုနောက်ပိုင်း သစ်စေးကုန်သည် တွေရဲ့ မရိုးသားတဲ့ရောနှောရောင်း ချမှုတွေကြောင့် နိုင်ငံခြားဈေးကွက် ပျက်သွားခဲ့တယ်။ သစ်စေးထဲကို ကညင်ဆီတွေရောနှောတာကြောင့် နိုင်ငံခြားဈေးကွက်ပျက်သွားခဲ့တာ ပါ။ သစ်စေးဈေးကတော့ (၁)ပုံး ကို ကျပ်တစ်သိန်းဝန်းကျင်ကနေ ဈေးတက်တဲ့အခါမှာတော့ ကျပ် တစ်သိန်းခွဲထိရောက်တတ်တယ်”” ဟု မုံရွာမြို့မှသစ်စေးကုန်သည် တစ်ဦးကဆိုပါတယ်။
““သစ်စေးထိုးရတာကမလွယ် ဘူး။သစ်စေးပင်မှာဝါးကျဉ်တောက် ကို ချွန်ပြီး ရိုက်ထည့်ထားရတာ။ ၃ရက်လောက်နေမှ ၁ကျပ်သား တောင်ရချင်မှရတာ။တော်တော် လေးပင်ပန်းခံပြီးလုပ်ရတယ်။ သစ်စေးနဲ့မတည့်တဲ့သူတွေဆိုရင် ယားနာတွေလိုမျိုးပေါက်တတ်တယ်။ အဲဒါကြောင့် အခုနောက်ပိုင်းမှာ သစ်စေးထိုးတဲ့လုပ်ငန်းကိုလုပ်ကိုင် တဲ့သူတွေလည်းရှားပါးလာတယ်။ သစ်စေးက သစ်စေးပန်းပွင့်တဲ့ ပြာသို၊တပို့တွဲလတွေမှာဆိုရင် မ ထွက်တော့ဘူး။အဲဒီလိုအချိန်တွေ မှာ ဈေးကောင်းရတတ်တာပါ။ ကျွန်တော် လက်ရှိ သစ်စေးထိုးနေ တဲ့တောတွေထဲမှာ လူတွေကသစ် စေးပင်တွေကို ထင်းအဖြစ်ခုတ်ယူ ရောင်းချလာတဲ့အတွက် တစ်နှစ် ထက်တစ်နှစ် သစ်စေးပင်တွေရှား ပါးနေပါပြီ””ဟု ပျဉ်းကိုင်းရွာမှ သစ် စေးထိုးလုပ်ငန်းလုပ်ကိုင်နေသူတစ် ဦးကဆိုပါတယ်။
စိုးမိုးထွန်း(မုံရွာ)
The Hot News
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဗြိတိန်ပူးပေါင်းရေးဝန်ကြီး ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ ဇွန်လ ၂၀ ရက် ၂၀၁၃ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Alan D
ရခိုင်ပြည်အား ဘင်္ဂလီနိုင်ငံထူထောင်ရန် စီမံကိန်းရေးဆွဲခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်ကို ရဲကဖမ်းမိပြီ ဘင်္ဂလီလူဦးရေ စာရင်းကောက်ခံရာတွင် အဓိက ကြိုးကိုင်ခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင
ထိုင်းငါးဖမ်းစက်လှေတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာအလုပ်သမား ၁၆ ဦး လွတ်မြောက် Monday, July 22, 2013 ထိုင်းငါးဖမ်း စက်လှေများတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မ
ကမ္ဘာတွင် အရပ်အရှည်ဆုံး ဖြစ်နိုင်သူ မြန်မာနိုင်ငံတွင် တွေ့ရှိ ဇွန်လ ၂၃ ရက် ၂၀၁၃ ကမ္ဘာတွင် အရပ် အရှည်ဆုံးသူ ဖြစ်နိုင်သော အရပ် ၈ ပေ ၄ လက်မ အမြင့်ရှိ အသက်
မန္တလေး မြို့ပြင် လယ်မြေ တစ်ဧက ကျပ် သိန်း တစ်ထောင်ခန့်အထိ ဈေးမြင့် မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ပြင်ရှိ လယ်ယာမြေများကို ဝယ်လက် များ အကြိုက်တွေ့နေသဖြင့်
ရန်ကုန် မြို့တော်ခန်းမနှင့် အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံ များ၏ သမိုင်းအချက် အလက်များကို ကမ္ပည်းရေးထိုးမည် Sunday, June 23, 2013 ရန်ကုန်မြို့တော်ခန်းမ အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက် အအုံများတွင်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)