Friday, 11 January 2013
ကိုကာကိုလာ အချိုရေထုတ်စက် တစ်လုံး ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံ၊ National University မှာ ထားရှိထားတဲ့ စက်တစ်လုံး ဖြစ်ပါတယ်။
အခြားနိုင်ငံများကလို အကြွေစေ့တွေ၊ ပိုက်ဆံတွေ ထည့်စရာ မလိုပါဘူး။ သွားဖက်ရုံပါပဲ။ တစ်ခါ ဖက်တိုင်း တစ်လုံး ပေးပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အကန့်အသတ်နဲ့လုပ်ထားပါတယ်။ အမြဲတမ်းဆိုရင် ကိုကာကိုလာမှ မွဲမယ့်အနေအထားမှာ ရှိပါတယ်။
စက်မှာ အာရုံခံ စနစ် တပ်ထားပြီး တစ်ခါတစ်ခါ လာဖတ်တိုင်း ကိုလာ (coke) သံဗူး အချိုရည်တစ်လုံး ထုတ်ပေးပါတယ်။ ဒါကြောင့် စက်ကို
အရှေ့ မှာ Cocacola လို့ရေးရမယ့် အစား Hug me လို့ပဲ ရေးထားပါတယ်။ ဒါကြောင့် ကျောင်းသားများ လာလာပြီးတော့ Hug ပါတယ်။
ပရိုမိုးသဘောမျိုးထားတဲ့ ထားထားတဲ့ စက်ကလေး ဖြစ်ပြီး တစ်ခါဖက်တိုင်း တစ်လုံးရလို့ လာဖက်တဲ့ ကျောင်းသား/သူများကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: TDL
ရိုးရာလေး ထူးဆန်းထွေလာ
YoYarLay
SHARE THIS