ပြည်ထောင်စု
လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဟန်ဂေရီ နိုင်ငံ
နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ လွှတ်တော် ရေးရာ ဝန်ကြီး မစ္စတာ ဆော့လ်နီမန့်သ်
အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။
ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဟန်ဂေရီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ လွှတ်တော် ရေးရာ ဝန်ကြီး မစ္စတာ ဆော့လ်နီမန့်သ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ ဆုံသည်။
ယင်းသို့ တွေ့ဆုံရာ၌ မြန်မာနှင့် ဟန်ဂေရီ နှစ်နိုင်ငံ အကြား ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးတက် ဆက်ဆံရေး အတွက် လွှတ်တော် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော် ဝန်ထမ်းများ အရည်အသွေး မြင့်မားရေး အတွက် အတွေ့အကြုံ မျှဝေရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်၏ နောက်ခံ သမိုင်းကြောင်းနှင့် ဖြတ်သန်း လာသည့် အတွေ့အကြုံ ဆိုင်ရာ ကိစ္စရပ် များနှင့် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ် လျက်ရှိသော တိုင်းရင်းသား ရေးရာ ကိစ္စရပ်များ အပေါ် အပြန်အလှန် ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသား လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဆိုင်ပေါင်းနပ်၊ ဗိုလ်မှူး ကြီး မောင်မောင်ထူး၊ ဒေါ်နန်း နီနီအေး ၊ ဒေါ်ခင်ဝိုင်းကြည်နှင့် လွှတ် တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
http://www.myawady.net.mm/ allnews/localnews/item/ 4172-2013-01-11-15-37-22

http://www.myawady.net.mm/