အမေရိကန်သမ္မတ ဘာရတ်အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး အမေရိကန်နိုင်ငံရှိ Institute Of International Education(IIE) မှ တက္ကသိုလ်ကိုးခုနှင့် မြန်မာနိုင်ငံရှိ အစိုးရတက္ကသိုလ်များ ပူးပေါင်းကာ အဆင့်မြင့် ပညာရေးကို မြှင့်တင်ရန်နှင့် Academic ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းလုပ်ဆောင်ရန် International Academic Partnership Program(IAPP) အစီအစဉ် တစ်ရပ်ကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ နောက်ဆုံးပတ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစီအစဉ်အရ မြန်မာနှင့် အမေရိကန် တက္ကသိုလ်များ အဆင့်မြင့် ပညာရေးကဏ္ဍအတွက် ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အမေရိကန် တက္ကသိုလ်များဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း လာရောက်မည်ဖြစ်ကြောင်း သိရသည်။
International Academic Partnership Program(IAPP) ၏ ပထမဆုံး အစီအစဉ်အရ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် wdkYwGifAccreditation Quality Assurance Faculty Development Student Learning Partnerships စသည့် ခေါင်းစဉ်များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲများအပြီး Listening Section များ ထားရှိကာ တက်ရောက်လာ သည့် မြန်မာတက္ကသိုလ်များ၏ ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့် လိုအပ်ချက်များကို အကြံပြု ဖြေကြားမည့် အစီအစဉ်များလည်း ပါဝင်သည်။
အမေရိကန်နိုင်ငံအခြေစိုက် နာမည်ကျော် တက္ကသိုလ်များ ဖြစ်သည့် မက်ဆာချူးဆက်တက္ကသိုလ်၊ ၀ါရှင်တန်တက္ကသိုလ်၊ ဆမ်းဖို့ဒ် တက္ကသိုလ်၊ အရီဇိုးနားတက္ကသိုလ်၊ ဟာဝိုင်အီပစိဖိတ်တက္ကသိုလ်၊ ဘောလ်တက္ကသိုလ်၊ မြောက်အီလီနွိုက်တက္ကသိုလ်၊ မြောက်အရီဇိုးနားတက္ကသိုလ်နှင့် အမေရိကန်တက္ကသိုလ် စသည့် တက္ကသိုလ်များဆိုင်ရာ အမေရိကန်တက္ကသိုလ်များမှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ခရီးစဉ်တစ်ပတ်ကြာ လာရောက်မည် ဖြစ်သည်။
''ပညာရေး အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေမှာ တို့ချည်းပဲ လုပ်ဆောင်နေမယ်ဆိုရင် Limitation တွေ ရှိနေမယ်။ နိုင်ငံတကာက ပါဝင်လာမယ်ဆိုရင် ပြည်ပအကူအညီတွေလည်း ရမယ်။ ဒီတော့ လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာလည်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်'' ဟု အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
''အမေရိကန် တက္ကသိုလ်တွေနဲ့ မြန်မာတက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတာက ချက်ချင်း တက္ကသိုလ်တွေ ထူထောင်၊ ဘွဲ့ တွေ ပေးမယ်ဆိုတဲ့ သဘောမျိုး မတွေ့ရပါဘူး။ သူတို့ရဲ့အစီအစဉ်တွေထဲမှာ ပညာရေး အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပမယ်၊ ပြီးတော့ တက္ကသိုလ်တွေရဲ့ ကိုယ်စားလှယ်တွေကနေ အပြန်အလှန် မေးမြန်းဆွေးနွေးကြမယ်၊ လိုအပ်တာတွေကို ထောက်ပြကြမယ်ဆိုတဲ့ ပုံစံမျိုးတွေပဲ တွေ့ရပါသေးတယ်'' ဟု နိုင်ငံတကာ ပညာရေး ၀န်ဆောင်မှု အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
''မြန်မာနိုင်ငံမှာ တကယ် လိုအပ်နေတာက အဆင့်မြင့်ထက် အခြေခံ ပညာရေးကဏ္ဍတွေမှာပါ။ အခြေခံပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့က အဓိက လိုအပ်နေတာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မှ Eleven Media Group
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ပညာရေးစနစ်ကိုအခမဲ့ပညာရေးဝါဒသို့ပြောင်းလဲသွားရန်လိုအပ် မေလ ၂၄ ရက် ၂၀၁၃ ပညာရေးပြုပြင်ပြောင်းလဲ မှုနိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကကြီး မှူးကျင်းပသည့်
၁၂ တန်း ပညာရေး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စမည် ၁၂ တန်း ပညာရေး (ဧကဒဿမတန်း) ကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် စတင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြိးဌာန ဒုတိယဝ
ပုဂ္ဂလိကကျောင်းများတွင်နိုင်ငံတကာသင်ရိုးများသင်ကြားနိုင်ရန်ဆောင်ရွက်လျက်ရှိ Friday, 12 July 2013 ရှမ်းပြည်နယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံတကာအသိအမှတ်ပြု စင်္ကာပူေ
လိုအပ်ချက်များစွာရှိနေသည့် ရေတံခွန်တောင်ဘုန်းတော်ကြီးသင်ကျောင်း မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ) မန္တလေးမြို့အရှေ့ဘက် ရေတံခွန်တောင်အနီးရေကြည်ကျေးရွာ၌ တည်ရှိသော ရွှေ
အခြေခံပညာ မူလတန်း ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ် ကရင်ပြည်နယ် အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် NRC မှဆောက်လုပ် လှူဒါန်းသည့် အခြေခံ ပညာ မ
နိုင်ငံတကာမှ အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့် BIMSTEC ဆွေးနွေးပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်၌ ပထမဆုံးအကြိမ် ကျင်းပ Sunday, May 19, 2013 BIMSTEC အဖွဲ့ဝင် နိုင်ငံများ ပါဝင်သည့် Curtain Raiser on BIMSTEC ဆွေ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)