သစ်ပင်လူသား... သူက ဒီးဒီး လိုခေါ်တဲ့ အသက် ၃၅ နှစ်အရွယ် အင်ဒိုနီးရှား တံငါသည် တစ်ယောက်ပါ။ သူ ဆယ်ကျော်သက် အရွယ်မှာဖြစ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဒူးခေါင်း ဖြတ်ပစ်လိုက်ရပြီးတဲ့နောက်မှာမှ သူ့ရဲ့ခြေတွေ လက်တွေက သစ်ပင်အမြစ်တွေလို ပုံပြောင်းလာပါတယ်။ တဖြည်းဖြည်းနဲ့ အမြစ်တွေက ပြန့်လာတာ သူ့ရဲ့ တစ်နေ့တာ လုပ်ငန်းတွေ မလုပ်နိုင်တဲ့အထိ ဆိုးရွားလာပါတယ်။ အဲဒါကြောင့် အလုပ်ကလည်း ထွက်လိုက်ရပါတယ်။ မိန်းမနဲ့လည်း ကွဲတယ်။ အခု သူ့ရဲ့ကလေးနှစ်ယောက်နဲ့ အတူနေနေပါတယ်။ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ပါ။ သူ့နေထိုင်ရာ နယ်တ၀ိုက်က ဆရာဝန် တော်တော်များများက သူ့ရောဂါကို ကုလို့မရဘူးလို့ပဲ ပြောနေကြပါတယ်။ ဘာအလုပ်မှ မလုပ်နိုင်တဲ့အတွက် စားဝတ်နေရေး ပြေလည်ဖို့ တစ်ခါတစ်ရံမှာ သစ်မြစ်တွေ ထွက်နေတဲ့ ခြေလက်တွေကို လူထူးလူဆန်းပြပွဲ လုပ်ပြီး ပိုက်ဆံရှာနေရပါတယ်။ အမေရိကန်က အရေပြားအထူးကု ဆရာဝန်ကြီး ရောက်မလာခင်အထိတော့ ဒီအမြစ်တွေ တစ်ကိုယ်လုံးပြန့်သွားပြီး သစ်ပင်ဖြစ်သွားမှာကို သူစိုးရိမ်ခဲ့ပါတယ်။ အခုတော့ သူ့မှာ မျှော်လင့်ချက်လေး ရှိလာပြီပေါ့ဗျာ။
မေရီလန်းတက္ကသိုလ် University of Maryland က ဒေါက်တာ အန်တိုနီဂတ်စ်ပါရီက သစ်ပင်လူသားရဲ့ သွေးနဲ့ အမြစ်တွေလို ပုံပြောင်းနေတဲ့ အနာတွေကိုစစ်ဆေးပြီး အဲဒါတွေက ကြွက်နို့ကို ဖြစ်စေတဲ့ Human papilloma virus (HPV virus) ကြောင့်ဖြစ်တာလို့ မှတ်ချက်ပေးပါတယ်။ အဓိက ပြသနာကတော့ ရှားပါးတဲ့ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ထဲက ခုခံအားတွေက ကြွက်နို့တွေကို တိုက်မထုတ်နိုင်တာပါ။ အဲဒါကြောင့် ဗိုင်းရပ်စ်က သူ့ရဲ့အရေပြားဆဲလ်တွေကို အများကြီးပွားစေပြီး ခြေတွေလက်တွေမှာ သစ်ပင်အမြစ်တွေနဲ့ တူတဲ့ Cutaneous hornတွေ ဖြစ်လာစေတာပါ။ သစ်ပင်လူသားရဲ့ သွေးဖြူဥအဆင့်က အရမ်းကို ကျဆင်းနေတာကြောင့် ဆရာဝန်က အေအိုင်ဒီအက်စ် တောင်ရှိနေနိုင်မယ်လို့ ထင်ပေမယ့် တကယ်တမ်းကြတော့ အဲဒီပိုး မရှိပါဘူး။ သူရဲ့ မျိုးရိုးဗီဇချို့ယွင်းမှုက တကယ့်ကိုရှားပါးပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေပါတယ်။ ဒီ ကြွက်နို့တွေကလွဲလို့ သူ့မှာ ကိုယ်ခံအား မကောင်းတဲ့ ခုခံအားကျ လက္ခဏာ တစ်ခုမှ မတွေ့ရပါဘူး။ သူ့ရဲ့ မိဘနဲ့ ဆွေမျိုး သားချင်းတွေထဲမှာလည်း ဒီလို အဖြစ်မျိုးတစ်ခါမှ မဖြစ်ဖူးခဲ့ပါဘူး။ အဲလို ချို့ယွင်းမှုမျိုးက လူတစ်သန်းမှာ တစ်ယောက်ပဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဆိုးရွားတဲ့ HPV ဗိုင်းရပ်စ်ကူးစက်မှုတွေမှာ ကြွက်နို့တွေ ကြီးထွားလာတာကို တားနိုင်တဲ့ Vitamin A ကို နေ့စဉ်တိုက်ကျွေးပြီး သစ်ပင်လူသားကို ကုသနိုင်မယ်လို့ ဒေါက်တာက ယုံကြည်ပါတယ်။ လုံးဝ ပျောက်ကင်းပြီး အရင်လိုတော့ ပြန်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၃ လကနေ ၆ လအတွင်း သူ့လက်တွေ ခြေထောက်တွေ ပြန်သုံးနိုင်ပြီး ပုံမှန်ဘ၀ပြန်ရောက်ဖို့ အထိတော့ ကူညီနိုင်မှာပါ။ ပြီးတော့ လက်တွေ ခြေထောက်တွေက အမြစ်တွေကို ခွဲစိတ်ကုသပြီး ဖယ်ရှားပစ်ပါမယ်။ ဒေါက်တာ ဂတ်စ်ပါရီက သစ်ပင်လူသားကို ယူအက်စ်ထိ ခေါ်သွားပြီး ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ချင်ပေမယ့် ရန်ပုံငွေတွေ လိုအပ်နေပါသေးတယ်။ သူ့ဘ၀မှာ ဒီလို လူနာမျိုးတစ်ခါမှလည်း မတွေ့ဖူးသေးပါဘူးလို့ ၀န်ခံသွားပါတယ်။
Remark : HPV virus infection က လိင်ဆက်ဆံရာမှ ကူးစက်တဲ့ရောဂါ (sexually transmitted disease) တွေထဲမှာပါဝင်ပါတယ်။ အများစုက လိင်အင်္ဂါတစ်ဝိုက်မှာ ကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေပါတယ်။ လက်နဲ့ ခြေမှာလည်း ကြွက်နို့ဖြစ်စေတဲ့ အမျိုးအစားတွေလည်းရှိပါတယ်။ရွှေမြန်မာများ Myanmar The Golden Land
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ကမ္ဘာ့အကြီးဆုံး ရေပုပ်သင် ကမ္ဘာ့အကြီးဆုံး ရေပုပ်သင် (ဧရာမ ရေပုပ်သင်) ကို Cryptobranchidae လို့ ခေါ်ဆိုပါတယ်။ Giant salamand
ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေးဖွား နေပြည်တော် ဖေဖော်ဝါရီ ၁၇ နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ဥယျာဉ်စု အုပ်စု ဦးကျေး
ဂြိုလ်သားကျွန်း ထူထူးဆန်းဆန်း အပင်တွေ ပေါက်လို့ ဂြိုလ်သားကျွန်း (Alien Island) လို့ ခေါ်ပါတယ်။ Socotra
ဆေးကုမှုမှားယွင်း၍ ဦးခေါင်းအဆမတန်ကြီးထွားသော အမျိုးသမီးငယ်တဦး ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ကျင်းပသည့် စိန်ရတုနှစ်ပတ်လည်ကရင်နှစ်သစ်ကူးပွဲတော်တွင် ကလေ
အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ Sunday, March 10, 2013 အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက် ၁၅ မိုင်ခ
ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အ
Previous Post
တည်သီးစားသုံးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေနိုင်
တည်သီးစားသုံးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေနိုင်
Next Post
နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ
နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)