ရီးယဲလ်မက်ဒရစ် အသင်းသည် အဓိက ဂိုးသမား အီကာကားဆီးလက် ဒဏ်ရာ
ရသွားသည့်နောက် QPR အသင်းမှ ဂိုးသမား ဂျူလီယို ဆီဇာကို အစားထိုးရန်
စဉ်းစားနေကြောင်း သိရှိရသည်။ အသက် (၃၃) နှစ်ရှိ ဆီဇာသည် နွေရာသီကမှ
အင်တာမီလန်ကို စွန့်ခွာပြီး QPR သို့ ပြောင်းရွှေ့လာခဲ့သည်။ QPR သည်
လတ်တလောတွင် ပရီးမီးယားလိဂ် တန်းဆင်းဇုန်၌ ရုန်းကန်နေရသော်လည်း ဆီဇာမှာမူ
လက်စွမ်းတည်ငြိမ်စွာ ပြသလျှက်ရှိပြီး ရောဘတ်ဂရင်းကို ကျော်ကာ ပထမ
ဂိုးသမားအဖြစ် နေရာရနေသည်။
By Planet
25 January, 2013 - 14:46
၎င်းသည် အင်တာနှင့်အတူ အီတလီ စီးရီးအေ ချန်ပီယံဘွဲ့ (၅) ကြိမ်နှင့် ဥရောပ ချန်ပီယံလိဂ် ဆုဖလား (၁) ကြိမ်တို့ ဆွတ်ခူး ရယူနိုင်ခဲ့သည်။ ရီးယဲလ်သည် ယခုအခါ ဆီဇာအား အငှားခေါ်ယူရန် စဉ်းစားနေကြောင်း သတင်းများက ဆိုသည်။ ရီးယဲလ် အသင်းခေါင်းဆောင်လည်း ဖြစ်သည့် စပိန်လက်ရွေးစင် ဂိုးသမား ကားဆီးလက်စ်သည် လက်မ အရိုးကျိုးသည့် ဒဏ်ရာကြောင့် အနည်းဆုံး တစ်လခွဲမျှ ကစားနိုင်မည် မဟုတ်ချေ။
ထိုအချိန်တွင် ရီးယဲလ်သည် ချန်ပီယံလိဂ် ပွဲကျပ်အဖြစ် မန်ချက်စတာ ယူနိုက်တက်နှင့် ကစားရမည် ဖြစ်သောကြောင့် ဆီဇာကို အငှားကမ်းလှမ်းရန် စီစဉ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ အသင်းပြောင်းဖြစ်ပါက အမြဲတမ်း စာချုပ်ဖြင့်သာ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။ ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟိုသည် အင်တာကို ကိုင်တွယ်စဉ်က ဆီဇာနှင့် အတွဲညီခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
Source: DailyMail