လိုင်ဇာ ဇန်န၀ါရီ ၁၁ရက်
မနေ့က လိုင်ဇာနဲ့နယ်စပ်တရုတ်မှာ ကေအိုင်အေ အဖွဲ့ကိုမကျေနပ်လို့ ကချင်နဲ့ တရုတ် ဆန္ဒပြလျက်ရှိ ပြီး လိုင်ဇာမှာလည်း မြို့ခံနဲ့ ကချင်ဒုက္ခ သည်တွေ ဆန္ဒပြခဲ့ ကြောင်း သတင်းရရှိပါသည်။ လိုင်ဇာမြို့တွင် နေ့လည် ၁နာရီမှ ၂နာရီကျော်ကျော်ထိ စစ်ပြေးဒုက္ခသည် ကချင်လူမျိုးများနှင့် မြို့ခံ အင်အား ၅၀၀ ကျော် ဆန္ဒပြ ခဲ့ကြသည်။ ဆန္ဒပြသူတွေက ကေအိုင်အေအဖွဲ့ အနေနှင့် စစ်ပွဲကို အမြန်ရပ်တန့်၍ ငြိမ်းချမ်းရေး အမြန်ဆုံး ဆွေးနွေးရေး၊ ဒုက္ခသည်များအား တရုတ်အစိုးရမှ လက်ခံနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရေး တို့ကို တောင်းဆိုခဲ့ ကြကြောင်းသိရှိရသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ လိုင်ဇာမြို့ခံတစ်ဦးမှ စစ်ဖြစ်နေမှုကို အမြန်ဆုံးရပ်စေခြင်းကြောင်း၊ အခုစစ်ပွဲ သည် အစိုးရတပ်က လွန်တာ မဟုတ်တော့ဘဲ ကေအိုင်အေဘက်က လွန်နေ၍ ဖြစ်ပွားနေကြောင်း ၊ ကေအိုင်အေ ကသာ ငြိမ်းချမ်းရေးကို ဆွေးနွေးကိုလက်ခံလျှင် စစ်ပွဲက ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ပြောခဲ့သည်။ ဒုက္ခသည် တစ်ဦးက လည်း ကေအိုင်အေအဖွဲ့က လူသတ်မိုင်းထောင်ပြီး လုပ်ကာ ကချင် လူမျိုးတွေကို အကြမ်းဖက်လူမျိုးဖြစ်အောင် လုပ်နေကြတာဖြစ်ပြီး သူတို့ ခေါင်းဆောင်တွေရဲ့ဆွေမျိုးတွေက
From : Kachin Daily News
SHARE THIS