မြန်မာနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ ပြုလုပ်မဲ့ ပထမဆုံး စာပေဟောပြောပွဲတခုကို လာမဲ့ ဖေဖော်ဝါရီလထဲမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဗြိတိသျှသံရုံးနဲ့ British Council တို့ရဲ့ ပံ့ပိုးမှုနဲ့ ဧရာဝတီ စာပေပွဲတော်ကို ဖေဖော်ဝါရီ လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာကျင်းပမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးကတော် Jane Heyn က ဦးဆောင်စီစဉ်တဲ့ ဧရာဝတီ စာပေပွဲတော်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီစာပေပွဲတော်မှာ ကမ္ဘာကျော်စာရေးဆရာတွေနဲ့ အတူ မြန်မာ နိုင်ငံက စာရေးဆရာတွေကလည်း ကဏ္ဍမျိုးစုံကနေ ပါဝင်ကြမှာဖြစ်တယ်လို့ ပွဲတော် Director Mr. Heyn က ပွဲတော်အကြောင်း သတင်းစာ ရှင်းပွဲမှာ ခုလို အသိပေးခဲ့ပါတယ်။
“နိုင်ငံတကာက ကျော်ကြားတဲ့ စာရေးဆရာ ၂၅ ယောက်ကနေ ၃၀ ကြား စာပေပွဲတော်မှာ လာရောက် ပါဝင်ဟောပြောကြဖို့ရှိပါတယ်။ ဒါပေမဲ့ ဒီအရေအတွက် ၂ ဆလောက်ရှိတဲ့ မြန်မာ စာရေးဆရာတွေ ပါဝင်ဖို့ ရှိတာကို ဝမ်းမြောက်စွာ အသိပေးချင်ပါတယ်။ စာရင်းအရ မြန်မာ စာရေး ဆရာပေါင်း ၆၀ ကျော်ရှိပါတယ်။ အဲဒီထဲမှာ တယောက်ချင်းဟောပြောတာတွေပါမယ်၊ အပြန် အလှန်ဆွေးနွေးကြမယ်၊ အမေးအဖြေ လုပ်ကြတာတွေ ပါမယ်၊ အလုပ်ရုံဆွေးနွေးပွဲတွေပါပါမယ်” -လို့ ဒီပွဲကို ဦးဆောင်စီစဉ်နေတဲ့ Jane Heyn ကပြောသွားတာပါ။
Jung Chang, Vikram Seth တို့အပြင်၊ ဗြိတိန်နိုင်ငံက အထင်ကရ နိုင်ငံရေးစာပေဆုဖြစ်တဲ့ The Owell Prize ဆုရှင် Fergal Keane, Timothy Garton Ash စတဲ့ ကမ္ဘာကျော် စာရေးဆရာ- ဆရာမကြီးတွေ၊ မြန်မာနိင်ငံက ဘိုးလှိုင်၊ ဦးသော်ကောင်းစတဲ့ နာမည်ကြီး စာရေးဆရာကြီးတွေ ပါဝင်ဟောပြောဖို့ရှိတယ်လို့ အစီအစဉ်ကြိုတင်ကြေညာချက်ထဲမှာတွေ့ရပါတယ်။
မြန်မာနိုင်ငံက စာအုပ်အရောင်းဆိုင်တွေကို ရောက်ပြီးတဲ့နောက်မှာ ခုလို စာပေပွဲတော်ကျင်းပဖို့ စိတ်ကူးရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ လက်တွေ့အကောင်အထည်ဖော် ဖို့ ဖြစ်လာတာလို့လည်း Jane Heyn က ပွဲတော်အကြောင်း သတင်းစာရှင်းပွဲမှာ ပြောကြားသွား ခဲ့ပါတယ်။ ဒီပွဲတော်ရဲ့ နာယကဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း စာပေဟာ သူ့ဘဝအတွက် ဘယ်လောက် အရေးပါသလည်း ဆိုတာကို ခုလို ပြောသွားခဲ့ပါတယ်။
“လောကအသစ်ဆီကို ခေါ်ဆောင်ပေးသွားတဲ့ စာပေတွေဟာ ကျွန်မအတွက် အင်မတန် အရေးပါ ပါတယ်။ ကျမ စာအုပ်အသစ် တစ်အုပ်ကို ဖွင့်ဖတ်လိုက်တိုင်း လောကသစ် တခုဆီကို ရောက် သွားခွင့်ရပါတယ်။ လူ့ဘဝဆိုတာဘာလည်းလို့ စူးစမ်းတဲ့ အရွယ် ငယ်စဉ်ထဲက ကျမအတွက် စာပေတွေဟာ အရေးပါခဲ့တာပါ၊ ကျွန်မအနေနဲ့က မြန်မာနိုင်ငံမှာရေးတဲ့စာအုပ်တွေတင်မက တခြားနိုင်ငံတွေက စာအုပ်တွေကိုလည်း ဖတ်ခွင့်ရခဲ့တဲ့အတွက် ကံကောင်းပါ တယ်။ ကျောင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တာတွေ မြန်မာစာပေတွေကို သင်ကြားရပေမဲ့ ကျမဟာ တခြားနိုင်ငံတွေက စာပေတွေနဲ့လည်း ရင်းနှီးခဲ့ပါတယ်။ တခြားနိုင်ငံကလူတွေ ဘယ်လိုနေတယ်၊ ယဉ်ကျေးမှုတွေကို ဘယ်လို တန်ဖိုးထားတယ်။ ဘယ်လိုတွေးခေါ်ကြတယ်ဆိုတာကို စာပေတွေကနေ နားလည်သိရှိခွင့်ရခဲ့ပါတယ်လို့” - ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဟောပြောမဲ့ ဧရာဝတီစာပေပွဲတော်ဟာ မြန်မာနိုင်ငံထဲက လူတိုင်းပါဝင်နိုင်တဲ့ ပွဲတော်တခုဖြစ်အောင် ကြိုးစားထားပါတယ်ဆိုတာကိုလည်း ဗြိတိန်သံအမတ်ကြီး Andrew Heyn ကပြောပါတယ်။ အင်္ဂလိပ်ဘာသာ မြန်မာဘာသာနဲ့ ဟောပြောကြမယ့် စာပေပွဲတော်မှာ လူငယ်စာရေးဆရာတွေနဲ့ပတ်သက်တဲ့ ဟောပြောပွဲကဏ္ဍမှာပါဝင်တဲ့ စာရေးဆရာ ဘလော့ဂါ နေဘုန်းလတ်ကလည်း သူသိထားတဲ့ အစီအစဉ်ကို VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။
“အင်းလျားလိတ်ထဲမှာ အခန်းတွေ လေးငါးခန်းခွဲထားပြီး တချို့နေရာတွေမှာတော့ အင်္ဂလိပ်တွေပြော၊ နိုင်ငံခြားက စာရေးဆရာတွေ အင်္ဂလိပ်လို ပြောတာတွေ ပါမယ်။ ဗမာစာရေးဆရာတွေထဲကလည်း တချို့တွေက အင်္ဂလိပ်လိုတွေ ပြောတာတွေ ရှိမယ်။ ပြီးတော့ ဗမာစာရေးဆရာတွေပဲ ဗမာလိုပဲဆွေးနွေးမယ့် အခန်းတွေလည်း ရှိမယ်ပေါ့။ ကျနော်ကတော့ Section ၂ ခုမှာ ပါတယ်။ Penal Discussion သဘောမျိုး၊ လူငယ်စာရေးဆရာတွေနဲ့ ကျနော်နဲ့ပေါင်းပြီးတော့ သူတို့ ဘာတွေ ရေးနေသလဲပေါ့နော်- လူငယ်တွေ ဘာတွေရေးနေလဲဆိုတဲ့ Subject တစ်ခု ရှိမယ်။ နောက်တစ်ခုကကျတော့ စာပေနှင့် ဘလော့ဂ်ရပ်ဝန်း-ပေါ့နော်။ Literature and Bloggers sphere ပေါ့။ ဘလော့ဂါတွေက ဘလော့ပေါ်မှာ စာတွေ ဘယ်လိုရေးကြသလဲ၊ နောက်ပြီးတော့ ဘလော့ဂ်တွေ ဘာကြောင့် ခေတ်စားလာသလဲဆိုတဲ့ စာပေနဲ့ ဘလော့ဂ် ရပ်ဝန်းတွေရဲ့ ဆက်စပ်မှုပေါ့နော်။ အဲဒါကိုလည်း ကျနော်တို့ ဘလော့ဂါတွေစုပြီးတော့ Section တစ်ခုပေါ့။ ကျနော်ကတော့ အဲဒီ Section နှစ်ခုမှာ ပါဝင်ပြောမှာပေါ့နော်။”
၃ ရက်ကြာ Inya Lake ဟိုတယ်မှာ ကျင်းပမဲ့ ဧရာဝတီ စာပေပွဲတော်မှာ ရုပ်ရှင်ပြပွဲတွေ၊ စာအုပ်အရောင်းဆိုင်တွေရှိမှာဖြစ်သလို မန္တလေးက ရုပ်သေးကပွဲ အဖွဲ့ကလည်း ၃ ရက်လုံး လာရောက်ဖျော်ဖြေဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကတော် Jane Heyn ကပြောပါတယ်။ ဒီပွဲဖြစ်မြောက်ရေးအတွက် ဗြိတိန်သံရုံးနဲ့ British Council တို့အပြင် The Owell Prize, Myanmar Book Center, Monument Books စတဲ့ စာပေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း လုပ်ငန်းတွေတင်မက FMI, Yoma Strategic Holdings Ltd. စတဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ပံ့ပိုးကူညီကြတာဖြစ်ပါတယ်။
VOA
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
မြန်မာ့ မိုဘိုင်းဖုန်း ဘ၀ပြောင်းဖို့ အစပျိုးပြီ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်တဲ့ Telenor နှင
ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ် Wednesday, July 03, 2013 မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအေ
ရခိုင်ပြည်အား ဘင်္ဂလီနိုင်ငံထူထောင်ရန် စီမံကိန်းရေးဆွဲခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်ကို ရဲကဖမ်းမိပြီ ဘင်္ဂလီလူဦးရေ စာရင်းကောက်ခံရာတွင် အဓိက ကြိုးကိုင်ခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင
တောင်ကုတ်တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှု သံသယရှိသူခြောက်ဦး ဖမ်းဆီးခံရ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ယမန်နှစ် ဇွန်လဆန်းပိုင်းက အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမ
ဂက်စ်ပိုက်ပေါက်၍ ဒိုင်နာလိုင်းကား မီးလောင်မှုဖြစ် ယာဉ်မောင်း မြင့်စိုး-လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည် ၁၆
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)