သူရစိုး
29.01.2013
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ထုတ်ဝေနေတဲ့ မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရော့စ်ဒန်ကလီကို Myanmar Consolidated ကုမ္ပဏီရဲ့ ဒါရိုက်တာက ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအ၀င် ပုဒ်မ နှစ်ခုနဲ့ ကျောက်တံတား ရဲစခန်းမှာ မနေ့ကပဲ အမှုဖွင့်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရန်ကုန်အခြေစိုက် VOA သတင်း ထောက် ကိုသူရစိုးက သတင်းပေးပို့ထားပါတယ်။
မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရောစ်ဒန်ကလီကို အခုလို အမှုဖွင့် တရားစွဲဆိုလိုက်သူကတော့ Myanmar Consolidated Media ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ရဲ့ ဇနီးလည်းဖြစ်၊ ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်တဲ့ဒေါက်တာ ခင်မိုးမိုး ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို စွဲဆိုရသလဲဆိုတာကိုတော့ ဒေါက်တာခင်မိုးမိုးက အခုလို ပြောပါတယ်။
“ကျမ ဝန်ထမ်းတွေကို မနေ့က တွေ့ချင်တဲ့အကြောင်းရင်းကလည
ဒီအမှုနဲ့ပတ်သက်ပြီး ကျောက်တံတားရဲစခန်းမှာ ပုဒ်မ ၃၅၄ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ လက်သီးနဲ့ထိုးတဲ့အတွက် ပုဒ်မ ၃၂၃ တွေနဲ့ အမှုဖွင့်ထားတာပါ။
MCM ကုမ္ပဏီရဲ့အစုရှယ်ယာ ၅၁ % ကို လက်ရှိ ပြည်မြန်မာဂျာနယ်ကို ထုတ်ဝေနေ တဲ့ ဒေါက်တာ တင်ထွန်းဦးနဲ့ သူ့ဇနီးဖြစ်တဲ့ ဒေါက်တာခင်မိုးမိုးတို့ ပိုင်ဆိုင်ထားကြပြီး ရော့စ် ဒန်ကလေကိုတော့ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ အင်္ဂလိပ်လိုထုတ်တဲ့ ဂျာနယ်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် တာဝန် ပေးထားတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း မကြာသေးခင်ရက်ပိုင်းက ဒေါက်တာတင်ထွန်းဦးတို့ ဇနီးမောင်နှံပိုင်ဆိုင်တဲ့
ဒေါက်တာခင်မိုးမိုးဟာ ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ၀န်ထမ်းတွေနဲ့ အစည်းအဝေး လုပ်ခွင့် မရှိဘူးလို့လည်း ရော့စ် ဒန်ကလေက အခုလိုပြောပါတယ်။
“ကျနော့်အနေနဲ့ သူ့ကို စာရေးအကြောင်းကြားခဲ့ပါတယ်။
ဒါ့အပြင်ဒေါက်တာတင်ထွန်းဦးန
မြန်မာတိုင်းမ်ဂျာနယ်ဟာ လာမယ့် နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့် ရပြီဆိုရင် နေ့စဉ် သတင်းစာ ထုတ်ဝေနိုင်ဖို့ ပြင်ဆင်နေချိန်မှာ အခုလို အမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီအမှု မပြီးမချင်း သတင်းစာ ထုတ်ဝေဖို့ ကိစ္စကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကလည်း ရော့စ်ဒန်ကလီဟာ အမျိုးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့တယ်ဆိုပြီး ကမာရွတ်တရားရုံးမှာ တရားစွဲဆိုခံရဖူးပါတယ် ခင်ဗျာ။
မြန်မာတိုင်းမ်စ် ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် Ross Dunkley.
မှ vOA