(၈၅)ကြိမ်မြောက် အော်စကာဆုပေးပွဲမှ ဆုရရှိသူများနှင့် ဇာတ်ကားများစာရင်း အပြည့်အစုံ ထွက်ပေါ်

လော့စ်အိန်ဂျလိစ်၊ ဖေဖေါ်ဝါရီ-၂၅

ကမ္ဘာ့ရုပ်ရှင်လောက၏ အရှိန်အဝါအကြီးဆုံး ဆုပေးပွဲတစ်ရပ်ဖြစ်သည့် ၈၅ ကြိမ်မြောက် အော်စကာ အကယ်ဒမီဆုပေးပွဲကို ကျင်းပခဲ့ရာ ဆုရရှိသူ သရုပ်ဆောင်များ၊ ဇာတ်ကားများ၏ အမည်စာရင်းအပြည့်အစုံ ပေါ်ထွက်ခဲ့ပြီဖြစ်ပါသည်။ ယခုနှစ်အတွက် အော်စကာဆုပေးပွဲတွင် အမေရိကန်သမ္မတလင်ကွန်း၏ အတ္ထုပတ္တိရုပ်ရှင် လင်ကွန်းမှာ အများခန့်မှန်းထားသည့်အတိုင်း သရုပ်ဆောင်မင်းသား ဒင်နီယယ်ဒေးလူးဝစ်အတွက် သမိုင်းဝင် တတိယမြောက် အော်စကာဆုကို ဆွတ်ခူးစေခဲ့ပြီး ဆုအများဆုံးရရှိသည့် ဇာတ်ကားအဖြစ် Life of Pi ဇာတ်ကားမှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံးရိုက်ညွှန်းဆု၊ အကောင်းဆုံး အမြင်ဆိုင်ရာ အထူးပြုလုပ်ချက်ဆုများ ရရှိကာ ဆုအများဆုံးရ ဇာတ်ကားအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ Life of Pi ဇာတ်ကားနောက်တွင် Argo ဇာတ်ကားမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး မှီငြမ်းဇာတ်လမ်းဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုများ ရရှိခဲ့သည်။ ယခုနှစ်အော်စာဆုပေးပွဲ၏ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ကို Silver Linings Playbook ဇာတ်ကားဖြင့် ဂျင်နီဖာလောရင့်စ်ကလည်းကောင်း၊အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် အမျိုးသမီးဆုကို အန်းဟတ်သဝေးက Les Miserables ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့သည်။ (၈၅)ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ရရှိခဲ့သော ဆုများ၏ စာရင်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ အကောင်းဆုံးဇာတ်ကားဆု - "Argo" ၂။ အကောင်းဆုံး ဒါရိုက်တာဆု - အန်းလီ - "Life of Pi" ၃။ အကောင်းဆုံး သရုပ်ဆောင် (မင်းသား)ဆု - ဒင်နီယယ်ဒေးလူးဝစ် "Lincoln" ၄။ အကောင်းဆုံး သရုပ်ဆောင် (မင်းသမီး)ဆု - ဂျင်နီဖာလောရင့်စ် "Silver Linings Playbook" ၅။ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် (အမျိုးသား)ဆု - ခရစ်စတော့်ဖ်ဝေါ့ဇ် "Django Unchained" ၆။ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် (အမျိုးသမီး)ဆု - အန်းဟတ်သဝေး "Les Miserables" ၇။ အကောင်းဆုံး မူရင်းဇာတ်လမ်းဆု - ကွင်တင်တာရန်တီနို "Django Unchained" ၈။ အကောင်းဆုံး မှီငြမ်းဇာတ်လမ်းဆု - ခရစ်တာရီယို "Argo" ၉။ အကောင်းဆုံး အန်နီမေးရှင်းဇာတ်လမ်း- "Brave" ၁၀။ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် - "Amour" ၁၁။ အကောင်းဆုံး ဇာတ်လမ်းမှတ်တမ်းရုပ်ရှင် - "Searching for Sugar Man" ၁၂။ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ကားတို - "Innocente" ၁၃။ အကောင်းဆုံး တိုက်ရိုက်ရုပ်ရှင် ဇာတ်လမ်းတို - "Curfew" ၁၄။ အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်ကားတို - "Paperman" ၁၅။ အကောင်းဆုံး မူရင်းဇာတ်ညွှန်း - မိုင်ကယ်ဒန်နာ "Life of Pi" ၁၆။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ဝင်သီချင်း - အဒဲလ် "Skyfall" ၁၇။ အကောင်းဆုံး အသံတည်းဖြတ်ဆု - "Zero Dark Thirty (2012)" နှင့် "Skyfall" ၁၈။ အကောင်းဆုံး အသံရောစပ်မှု - "Les Miserables" ၁၉။ အကောင်းဆုံး ထုတ်လုပ်မှုဒီဇိုင်းဆု - "Lincoln" ၂၀။ အကောင်းဆုံး ရိုက်ညွှန်းဆု - "Life of Pi" ၂၁။ အကောင်းဆုံး မိတ်ကပ်နှင့်ဆံပင် ပြင်ဆင်မှုဆု - "Les Miserables" ၂၂။ အကောင်းဆုံး အဝတ်အစားဒီဇိုင်းဆု - "Anna Karenina" ၂၃။ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု - "Argo" ၂၄။ အကောင်းဆုံး အမြင်ဆိုင်ရာ အထူးပြုလုပ်ချက်ဆု - "Life of Pi" CNN/Eonline/ABC
မှ 7Day News Journal
အော်စကာဆုပေးပွဲ (7 photos)


SHARE THIS