Thursday, February 14, 2013
ရန်ကုန်မြို့၊ မြို့တော်ခန်းမ အနီးရှိ စည်ပင်သာယာ ၁၀ ထပ်ရုံးတွင်တန်ဖိုးနည်းအိမ်ရာများ အတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး

ကော်မတီမှ သိရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာအတွက် လူ ၁ ဦးလျှင် လျှောက်လွှာတစ်စောင်နှုန်း လျှောက်ထားနိုင်ပြီး

လျှောက်လွှာ တစ်စောင်လျှင်၁၀၀ ကျပ်ဖြင့် စတင်ရောင်းချနေကြောင်း သိရသည်။
"နှုန်းထား ဘယ်လောက်ဆိုတာ မကြေညာရသေးဘူး။ အပြင်ထက်လည်း သက်သာမယ်။ နေရာနဲ့ အဆောက်အဦးအပေါ် မူတည်ပြီးသိန်း ၁၀၀ ပက်ချာလည်လောက်တော့ ကျလိမ့်မယ်ထင်တယ်"ဟု
လာရောက် လျှောက်ထားသူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့် ဆက်လျဉ်းပြီး"သိန်း ၂၀၀ လောက်တော့ မဖြစ်နိုင်ဘူး။ ၂၀၀ ဆိုရင် တိုက်ခန်း ၁ ခန်းကို အပြင်မှာပဲ၊ ဝယ်တော့မယ်။ဒီလိုလျှောက်ထားတာ ကြရင် အရစ်ကျနဲ့ အရင်ဆုံးပိုက်ဆံသွင်းရမယ်
လို့တော့ ကြားတယ်" ဟုလာရောက်လျှောက်ထားသူ ဒေါ်မြင့် ဆိုသူကပြောသည်။
အဆိုပါ တန်ဖိုးနည်း အိမ်ရာ လျှောက်ထားရာတွင် အစိုးရဝန်ထမ်းနှင့် သာမန်ပြည်သူများ အတွက် လျှောက်လွှာခွဲခြားထားပြီး စတင်ဆောက်လုပ်မည့် နေရာမှာ မြောက်ဒဂုံအပိုင်းဘက်တွင်

ဖြစ်သည်ဟုသိရှိထားကြောင်း လျှောက်ထားသူအချို့က ဆိုကြသည်။
"၂၀၀၅ လောက်က ၁၅ သိန်းဖုန်းတွေ လျှောက်ခွင့်ပေးတော့ လည်းလူတွေ ကြိတ်ကြိတ်တိုးပြီး

လျှောက်လိုက်ကြတာ။ ပြီးရင် ရောင်းစားကြနဲ့ ရှုပ်ရှက်ခက်နေမှာ မြင်ယောင်တယ်။
အခုဟာက အဆောက်အဦးကတော့ မဆောက်ရသေးဘူး။ လျှောက်လွှာတွေ စခေါ်ပြီး ဈေးသတ်
မှတ်မယ်။ ပြီးရင် ရောင်းတော့မယ်" ဟု ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။
စူးရှ
The Myanma Age