စွမ်းအင်နှင့် သတ္တုကဏ္ဍများ၏ ရှာဖွေတူးဖော်ထုတ်လုပ်ခွင့် စာချုပ်များတွင် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် စံနှုန်းများ ပြည့်မီအောင်ဆောင်ရွက်သွားမည်

Sunday, February 17, 201

စွမ်းအင်နှင့်သတ္တု ကဏ္ဍများတွင် ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခွင့် အခွင့်အရေးများ ပေးအပ်ရာတွင် ပွင့်လင်းမြင်သာ၍ ပြိုင်ဆိုင်မှုရှိသည့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးသွားမည်ဖြစ်ပြီး လာမည့်အနာဂတ် ကာလများတွင် ရှာဖွေတူးဖော် ထုတ်လုပ်ခွင့် စာချုပ်များတွင် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် စံနှုန်းများပြည့်မီအောင် ဆောင်ရွက်သွားမည်ဟု အစိုးရမှ မူဝါဒချမှတ်ထားကြောင်း သတင်းရရှိသည်။

အစိုးရက ရှာဖွေတူးဖော်ရေး၊ ထုတ်လုပ်ရေးနှင့် ထုတ်လုပ်ခွင့် အခွင့်အရေးများကို အပ်နှင်းရာတွင် ပွင့်လင်းမြင်သာ၍ ပြိုင်ဆိုင်မှုရှိပြီး ခွဲခြားဆက်ဆံမှုမရှိသည့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးသွားမည်ဖြစ်ပြီး လာမည့်အနာဂတ် ကာလများတွင် ရှာဖွေတူးဖော်ထုတ်လုပ်ခွင့် သဘောတူညီချက် စာချုပ်များသည် လူမှုရေး၊ သဘာ၀၀န်းကျင် စံနှုန်းများအတိုင်း ပြည့်မီစေရန် သေချာဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင်
တွင် ဖော်ပြချက်အရ သိရသည်။

စွမ်းအင်နှင့် သတ္တုကဏ္ဍမှ ရရှိသည့် ဘဏ္ဍာရေး အကျိုးအမြတ်များကိုလည်း ပွင့်လင်းမြင်သာစွာ၊ ညီမျှမှုရှိစွာ ခွဲဝေသွားမည်ဖြစ်ကြောင်းနှင့် စွမ်းအင်ကဏ္ဍ တစ်ခုလုံးတွင် မြန်မာနိုင်ငံက ဈေးနှုန်းများ ထိန်းချုပ်ထားမှုကို လျှော့ချ
ပေးခြင်း၊ သင့်လျော်သည့် အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ပေးခြင်း၊ အထွေထွေ ထောက်ပံ့ကြေး ပေးဆောင်နေသည်များကို ပယ်ဖျက်ခြင်း၊
ရေနံနှင့် သဘာဝဓာတ်ငေ ပိုက်လိုင်းများနှင့် ပတ်သက်၍ လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်အတွက် ၀န်ဆောင်မှုများ၌ သင့်လျော်သည့် အကောက်ခွန်ကို သတ်မှတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် ဓာတ်သတ္တုတွင်းထွက် အရင်းအမြစ်များ ပေါများပြီး ဆီလျော်စွာ စီမံခန့်ခွဲခြင်း မပြုနိုင်ပါက သဘာဝရင်းမြစ်များမှာ အလဟဿ ဖြစ်နိုင်ကြောင်း အဆိုပါ မူဘောင်တွင် သုံးသပ်ထားသည်။

၂၀၁၂ ခုနှစ် မေလတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လူမှုရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဟု
ကြေညာခဲ့ပြီးနောက် သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ၀န်ကြီးဌာနနှင့် အစိုးရဌာန အသီးသီးမှ အဆင့်မြင့် အရာရှိကြီးများနှင့် တိုင်ပင်၍ အစိုးရ ဆောင်ရွက်မည့် ဦးစားပေးမူဝါဒများကို ဖော်ပြထားသည့် စီးပွားရေးနှင့်လူမှုရေး ပြုပြင်
ပြောင်းလဲမှုများအတွက် အခြေခံမူဘောင်ကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။

ဓာတ်ပုံ - မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ နယ်အတွင်းရှိ တရုတ်သို့သွယ်တန်းမည့် ရေနံပိုက်လိုင်းများကိုတွေ့ရစဉ်

Eleven Media Group

စွမ်းအင်နှင့် သတ္တုကဏ္ဍများ၏ ရှာဖွေတူးဖော်ထုတ်လုပ်ခွင့် စာချုပ်များတွင် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် စံနှုန်းများ ပြည့်မီအောင်
ဆောင်ရွက်သွားမည်

SHARE THIS