ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဧရာဝတီစာပေပွဲတော်ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပနေ

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နိုင်ငံတကာ စာရေးဆရာတွေနဲ့ မြန်မာစာရေးဆရာတွေပါဝင်တဲ့ ဧရာဝတီစာပေပွဲတော်ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပနေပြီဖြစ်ပါတယ်။

စာပေယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်ပေါင်းစုံပါဝင်တဲ့ ဧရာဝတီ စာပေပွဲတော်ကို နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက နာမည်ကြီးစာရေးဆရာတွေ အများအပြား တက်ရောက်လာခဲ့ကြပါတယ်။ ရန်ကုန်မြို့ အားယားလိတ် ဟော်တယ်မှာ မနက် ၁၀ နာရီက ဗြိတိသျှသံအမတ်နဲ့သံအမတ်ကတော်တို့က နှုတ်ခွန်းဆက်စကားပြောပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီပွဲတော်မှာနိုင်ငံတကာက စာရေးဆရာတွေနဲ့ မြန်မာနိုင်ငံကစာရေးဆရာတွေဟာ အကြောင်းအရာတွေကို အင်္ဂလိပ်ဘာသာနဲ့ရော မြန်မာဘာသာနဲ့ပါ ဆွေးနွေးကြမှာပါ။

Credit to : DVB TV News

Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
လေးမြို့ သတင်းမီဒီယာအား သင့်ဖုန်းတွင် App တစ်ခုအဖြစ် ထည့်သုံးနိုင်ပါပြီ ---LAY MRO.apk---လေးမြို့ သတင်းမီဒီယာသို့  စာမူများ ၊ သတင်းများပေးပို့ လိုပါက Email : laymyo.myanmar@gmail.com သို့ ပေးပို့ နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ...ယခုအခါ လေးမြို့ အဖြစ်ပြောင်းလဲလိုက်ပြီဖြစ်ပါသဖြင့် http://maruthura.blogspot.com ......http://www.laymro.co.nr .... http://www.laymyo.co.nr တို့ ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါကြောင်း သတင်းကြောင်းပါးအပ်ပါသည်။.........၀င်ရောက်ကြည့်ရှုသူများအား အထူးကျေးဇူးတင်ရှိပါသည်။

SHARE THIS
Previous Post
Next Post