Thursday, February 14, 2013
မန်ယူ နောက်ခံလူ ပက်ထရစ် အီဗရာဟာ တရားဝင် လက်ထပ်ထားတဲ့ ဇနီးသည် ရှိလျက်နဲ့ ပလေး ဘွိုင်း မော်ဒယ် တစ်ဦးနဲ့ ပွေရှုပ် ငြိစွန်း ခဲ့ကြောင်း ဗြိတိန် မီဒီယာတွေရဲ့ ရေးသား ဖော်ပြချက် အရ သိရ ပါတယ်။
အီဗရာဟာ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပလေးဘွိုင်း မော်ဒယ် ကာလာဟိုဝီနဲ့ ပါရီမြို့က ကြယ်ငါးပွင့် ဇိမ်ခံ ဟိုတယ် အခန်းထဲမှာ တူနှစ်ကိုယ် ဇာတ်လမ်း ခင်းခဲ့တာ ဖြစ်ပါတယ်။
အီဗရာဟာ ဗြိတိသျှ မော်ဒယ် ကာလာနဲ့ မယ်လီ ဆာဟိုဝီတို့ အမြွာညီအစ်မ အနက် ကာလာဟဝီနဲ့ ငြိစွန်းခဲ့တာပါ။ အဲဒီတုန်းက အကြောင်းတွေကို
မော်ဒယ် ကာလာက ယခုလို ပြန်ပြီး ဖောက်သည် ချပါတယ်။
''ဟိုတယ် ဓာတ်လှေကားထဲ ဝင်ပြီး ဓာတ်လှေကား တံခါး ပိတ်လိုက်တာနဲ့ သူ ဇာတ်လမ်း စတော့ တာပါပဲရှင်၊ အီဗရာ ရဲ့ ပုံစံကို ကြည့်ရတာဟာ ဟိုတယ် အခန်းထဲ ရောက်တဲ့အထိ မစောင့်နိုင် တော့တဲ့ ပုံပါပဲ''လို့ ကာလာက ပြောဆိုပါတယ်။
သူမရဲ့ အပြောအရ တစ်နာရီလောက် ကြာအောင် ချစ်တင်း နှောခဲ့ကြပြီး အီဗရာက ယူရို ၂ဝဝ မုန့်ဖိုး ပေးခဲ့တယ်လို့ ဆိုပါတယ်။ ''ယူရို ၂ဝဝဆိုတာ တက္ကစီခနဲ့ မနက်စာတော့ လုံလောက်တယ်လေ၊ နောက်ဆုံး ကျွန်မ သိသွားတာကတော့ သူဟာ ကျွန်မနဲ့ အိပ်စက်ချင်ရုံ သက်သက် ဆိုတာပါပဲ''လို့လည်း ကာလာက ပြောပါတယ်။
ဖြစ်စဉ်ဟာ ယမန်နှစ် နိုဝင်ဘာလ တုန်းက ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ် ဖေဖော်ဝါရီ ၆ ရက်က ပြင်သစ်နဲ့ ဂျာမနီ အသင်းတို့ ပါရီမြို့မှာ ခြေစမ်းပွဲ ကစားကြတော့လည်း အီဗရာက ကာလာကို သူနဲ့ အချိန်ဖြုန်းဖို့ လှမ်းပြီး ချိန်းဆို ခဲ့သေးတယ်လို့ သိရပါတယ်။
ပလေးဘွိုင်း မော်ဒယ် ကာလာက မိမိ အနေနဲ့ အီဗရာကို ချစ်မြတ်နိုး သွားမိကြောင်း၊ အီဗရာရဲ့ ဇနီးသည် အတွက်တော့ ဆိုးဆိုးရွားရွား ခံစားပေးမိ ပါကြောင်းလည်း ပြောဆို သွားခဲ့ပါတယ်။
အီဗရာရဲ့ ယခုလို လူမှုရေး ဖောက်ပြန်မှု သတင်းနဲ့ ပတ်သက်လို့ မိမိတို့ရဲ့ ကစားသမား တွေဟာ စံပြ ပုဂ္ဂိုလ်တွေ ဖြစ်ရမယ် ဆိုပြီး ပြောထားတဲ့ မန်ယူနည်းပြ ဖာဂူဆန်၊ ပြင်သစ်နည်းပြ ဒက်စ်ချမ့်တို့ရဲ့ အရေးယူမှု ခံရနိုင်သလား၊ ဇနီးသည် ရဲ့ ငြိုငြင်မှုကို ခံရနိုင်သလား စောင့်မျှော်ကြည့်ရှု ရတော့မှာပဲ ဖြစ်ပါတယ်။
mwdsport