Monday, February 11, 2013
မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှုမပါဘဲ ကျိုက်ထိုမြို့ ပေါ် စီတန်း
လှည့်လည်ပွဲနှင့်ပတ်သက်၍ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်
အသင်းအား လာ ရောက် တောင်းပန်ခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ရေး
အဖွဲ့ ခေါင်း ဆောင်ဦးဇော်ဝင်းက ပြောသည်။
အခုလိုလာရောက်တောင်းပန်ရတာဟာ ဘယ်သူတစ်ဦးတစ် ယောက်ရဲ့ ခြိမ်းခြောက်မှု၊ ဖိအား ပေးမှု၊ ငွေကြေးပေးပြီး ရုပ်သိမ်း ခိုင်းစေမှု တစ်ခုမှ
မပါပဲ ကိုယ့်အသိ စိတ်နဲ့ ကိုယ်မှားယွင်းမှုကို လာ ရောက်တောင်းပန်
တာပါ။ နောင်ကို ဘယ်တော့မှ အခုလို ဆန္ဒဖော် ထုတ်ပွဲတွေ မလုပ်တော့
ပါဘူး'' ဟု ဦးဇော်ဝင်းက မွန်ပြည်နယ် မီဒီယာများ၏ မေးမြန်းချက်ကို
ဖြေဆိုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က ကျိုက်ထိုမြို့ပေါ်တွင် စီတန်းလှည့်လည်
ဆန္ဒ ပြခြင်းမှာ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်း၏ လုပ်ရပ် များအပေါ် မကျေနပ်သဖြင့် ရသေ့တောင်ဂိတ်စခန်းမှ စိုးစံ လက်ဖက်ရည်
ဆိုင်ပိုင်ရှင် ဦးဆောင်ပြီး ဈေးသူ၊ ဈေးသားများ၊ အထမ်းသမားများ စုစုပေါင်း ၁၅၃ ဦး ပါဝင်သော အဖွဲ့သည် စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရ သည်။
ဆန္ဒပြသူများက ကင်ပွန်း စခန်းမှ ရသေ့တောင်စခန်းအထိသာ မော်တော်
ယာဉ်များ ပြေးဆွဲ စေပြီး ရသေ့တောင်စခန်းတွင် ဂိတ်ဆုံးသတ်မှတ်ပေးရန်၊ ယာဉ်စီးခ လျှော့ချပေးရန်၊ မော်တော်ယာဉ်များကို နံနက် ၆ နာရီတွင် ဂိတ် ဖွင့်၍ ညနေ ၆ နာရီတွင် ဂိတ်ပိတ်ပေးရန်၊ သတ်မှတ်ချိန်အတွင်းတွင်သာ
ပြေးဆွဲစေရန်၊ မော်တော်ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲပေးရန်၊ ဈေးသူဈေးသား
များနှင့် အထမ်းသမားများ၏ နေ့စဉ်ဘဝဆန္ဒကိုအာမခံချက် ပေးရေးစသည့်
စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒ ဖော်ထုတ်ကြကြောင်း သိရသည်။
အဆိုပါဆန္ဒဖော်ထုတ်ခဲ့ခြင်း နှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ရေး အဖွဲ့
ခေါင်းဆောင် ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်အသင်း ရုံးခန်းရှိရာ ကင်ပွန်းစခန်းတွင်လာရောက် တောင်းပန်ရာ အသင်းဥက္ကဋ္ဌ ဦးဝိတင်နှင့် အလုပ် အမှုဆောင်များက လက်ခံကျေအေး ခဲ့ကြောင်း သိရသည်။
''တောင်တက် မော်တော် ယာဉ် အသင်းရဲ့ လုပ်ဆောင်ချက် တွေကို နားယောင်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ တောင်တက်ကားလမ်း အခြေအနေ၊
တောင်ကြောပေါ်မှာ လုပ်ထားတဲ့ ဂိတ်များရဲ့ အကျယ်အဝန်း၊အကန့်အသတ်၊
ကျွမ်းကျင် ယာဉ်မောင်းရှားပါးမှု၊ ဘုရားဖူးများ ဘေးအန္တရာယ်ကင်းရှင်းမှုတွေ
ကို မျက်ကွယ်ပြုခဲ့မိပါတယ်။ ငွေရှင် ကြေးရှင် အချို့ရဲ့ မြေ¶ှာက်ပင့်ပေး
မှု ကြောင့် ယာဉ်အစီးရေ တိုးမြ¶ှင့်ပေး ဖို့ တောင်းဆိုမိပါတယ်။ တောင် တက်မော်တော်ယာဉ်အသင်းဟာ ရသေ့တောင်လမ်းတစ်လျှောက်မှာ ရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အခမဲ့တင်ဆောင်ပေး ခြင်း၊
ကျန်းမာရေးအရေးပေါ်ကိစ္စများမှာလည်း နေ့၊ ညအချိန်မရွေး အကူ
အညီပေးလျက်ရှိပါတယ်။
တောင်တက် မော်တော်ယာဉ် အသင်းနဲ့ ဈေးသူဈေးသားများ၊ အထမ်း
သမားများဟာ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီဆိုသလို အပြန်အလှန် အကူ
အညီပေးနေကြတာကို သိမြင်လာတဲ့အတွက် အခုလို လာရောက်
တောင်းပန်ခြင်း ဖြစ်ပါတယ်ဟု ဆန္ဒဖော်ထုတ်ရေး အဖွဲ့ ခေါင်းဆောင် ဦးဇော်ဝင်းက ပြောသည်။
Popular Myanmar News Journal

ကျန်းမာရေးအရေးပေါ်ကိစ္စများမှာလည