အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စိုက်ပျိုး/မွေးမြူရေး ဆောင်ရွက် ထားရှိမှုများ ကြည့်ရှု စစ်ဆေး

မိသားစုများ သက်သာ ချောင်ချိရေး အတွက် တိုင်းစစ်ဌာနချုပ် စိုက်ခင်း၌
စိုက်ပျိုး ထားရှိသော ရာသီ သီးနှံပင်များ စိုက်ပျိုး ထားရှိမှုနှင့် နှစ်ရှည်ပင် များအား နှစ်ရှည် စီမံကိန်းဖြင့် အကွက်ချ စိုက်ပျိုး ထားရှိမှု အခြေအနေ များကို အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းသည် တာဝန်ရှိ သူများ လိုက်ပါ၍ ဖေဖော်ဝါရီ ၁၁ရက် ညနေပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း တင်ပြပြီး တိုင်းမှူးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန် ရှိသူများသည် မုဒုံမြို့ ဘင်လှိုင် မွေးမြူရေး စခန်းသို့ ရောက်ရှိပြီး မွေးမြူရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။

မှ မြ၀တီ

http://bit.ly/11I87F8

အေးချမ်းမွန်မှ  မြ၀တီ တွင်ပါရှိသော သတင်းကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

SHARE THIS
Previous Post
Next Post