Monday, February 04,
သီရိလင်္ကာရေတပ်သည် ၎င်းတို့၏ ကျွန်းမှ အရှေ့ဘက် ကမ်းရိုးတန်း
အနီးပင်လယ်တွင် နစ်မြုပ်စပြုနေသော ငါးဖမ်း သင်္ဘောတစ်စင်းမှ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံ
ခဲ့ကြောင်း သိရသည်။
သင်္ဘောမှ ကယ်ဆယ်ရမိသူများတွင် တစ်ဦးမှာ ရေဓါတ်ချို့တဲ့သည့်
ဝေဒနာဖြင့် သေဆုံးသွားခဲ့ကြောင်း ရေတပ်ပြောခွင့် ရပုဂ္ဂိုလ်က ပြော
ကြားသည်။ ၎င်းက "အကာရိုင်ပတ္တူ ကမ်းရိုးတန်းအလွန် ကီလိုမီတာ
၈၀ အကွာမှာ ရှိတဲ့ အဲဒီသင်္ဘောနစ်မြုပ်ရာကို ကျွန်တော်တို့ သင်္ဘော
သုံးစင်းလွှတ်ပြီး ကယ်တင်ခဲ့ပါတယ်" ဟု အေအက်ဖ်ပီသို့ ပြောကြားပြီး၊ အချို့ကို ဆေးရုံသို့ တင်ထားကြောင်း အတည်ပြုပြောသည်။ ကယ်ဆယ်ရ
ရှိသည့် ဒုက္ခသည် ၁၃၈ ဦးတွင် မြန်မာနိုင်ငံသား ၁၄ ဦးသာ ပါဝင်ကြောင်း
ရဲက ပြောကြားသည်။
ရဲတပ်ဖွဲ့ သည် ဒုက္ခသည်များနှင်ဆက်သွယ်ပြောဆိုန
စကားပြန်များစေလွှတ်ပေးရန် မြန်မာနှင့်ဘင်္ဂလားသံရုံးများသို
တောင်းခံထားကြောင်း ပြောကြားသည်။
ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ၎င်းသင်္ဘောပျက်မှ ဆယ်ယူထားသူများသည်
သီရိလင်္ကာသို့ ခိုးဝင်ရန် ကြိုးစားသူများ မဟုတ်သည်မှာ သေချာကြောင်း၊ ပင်လယ်တွင်း၌ သင်္ဘောပျက်ကာ မိမိတို့ကမ်းရိုးတန်းများဘက်သို
လာခြင်းဖြစ်ကြောင်း ဆိုသည်။
သီရိလင်္ကာသည် ယမန်နှစ်က နိုင်ငံသို့ လူမှောင်ခိုသွင်းသူများက တရားမ၀င်
ခိုးသွင်းလာသော လူပေါင်း ၁၂၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ဖူးသည်။
The Myanma Age
SHARE THIS