ယနေ့နံနက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ ဦးဆန်းဆင့်(ဒုတိယဗိုလ်မှူးကြီး
ကိုနေမျိုးဇင် ဦးဆောင်၍ ကျေးရွာများမှ ဒေသခံပြည်သူ၁၅၀ခန့် ပါဝင်ဆန္ဒပြကြခြင်းဖြစ်ကြောင်း မြို့ခံဖြစ်သူ ကိုလင်းကိုကပြောကြားသည်။
ဆန္ဒပြပွဲသည် ပန်းတနော်မြို့ရှိ ဘောလုံးကွင်းတွင် နံနက် ၈နာရီခန့်မှ ၁၁နာရီခန့်အထိ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ပြီး ပါတီတစ်ခုနှင့် ပန်းတနော်မြို့အနီးတဝိုက်ရှိ ဒေသခံများကြိုတင်စီစဉ်၍ ဆန္ဒပြကြခြင်းသာ ဖြစ်နိုင်ကြောင်း ဒေါက်တာတင်မင်းထွဋ်က
ပြောကြားသည်။
၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ပန်းတနော်မြို့နယ် အမှတ်တစ် မဲဆန္ဒနယ်မြေမှ အမတ်ဖြစ်သူ ဦးမန်းညွန့်သိန်းက "ဧရာဝတီတိုင်းမှာ ဦးဆန်းဆင့်ရှိတော့ တစ်ဖက်တစ်လမ်းကတော့ အားရှိတယ်လို့ ခံစားရပါတယ်" ဟုပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ကဉ္စမပုံမှန်
အစည်းအဝေးတွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်ကသဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ယခင်သာ
ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်အား ဇန်နဝါရီလ(၁၆)
ရက်နေ့မှစ၍ ၄င်း၏ဆန္ဒအလျောက် နှတ်ထွက်ခွင့် ပြုလိုက်သော
သမ္မတ၏ သဝန်လွှာအား ပြည်ထောင်စုလွှတ်တော်နာယက ယမန်နေ့ကလွှတ်တော်တွင် ဖတ်ကြားခဲ့ခြင်းဖြစ်သည်။
အောင်သိုက်
Credit to :The Myanma Age
SHARE THIS