ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၃။
(စကားချပ်....ရခိုင်အမျိုးသမီးများအား ပုတ်ခတ်စော်ကားခဲ့သည့် Hot News အား လုံးဝမဖတ်ရှုကြရန် )
ဆောင်းပါးရှင်ပစ်တိုင်းထောင် ရေးသားသော အမျိုးဂုဏ်ကို
စောင့်ထိန်းပါ ဆိုသည့် ဆောင်းပါး၏ တတိယပိုဒ်တွင် ပါဝင်သော
‘ရခိုင်မိန်းကလေးအများအပြားမှာ ခေါ်တောမယားများ ဖြစ်ကုန်
ကြပါသည်’ ဟု ရေးသားခဲ့ခြင်းအပေါ် ရခိုင်လူမျိုးများ မကျေနပ်
ကြကြောင်း ဗဟန်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော စာနယ်ဇင်း
ရှင်းလင်းပွဲ၌ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်
က ပြောကြားသည်။
Vol-3, No-126 ပါ ဟော့နယူးစ်ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည့် ယင်းဆောင်းပါးသည်ရည်ရွယ်ချက်မှာ ကောင်းမွန်ကြောင်း၊ဟော့နယူးစ်
ဂျာနယ်တိုက်နှင့် ဆောင်းပါးရှင် ပစ်တိုင်းထောင်ကိုလည်း အပြစ်မတင်
လိုကြောင်း၊ သို့သော် ရေးသားခဲ့သည့် စေတနာအမှားကို ပြန်လည်
ကုစားရန်လိုအပ်ကြောင်း၊ တရားစွဲရမည့် ခေတ်မဟုတ်တော့သည့်
အတွက် ယခုကဲ့သို့ မီဒီယာများနှင့် စားပွဲတစ်ဝိုင်းတည်း ဖြေရှင်း
လိုက်သည့် နည်းလမ်းသည် အကောင်းဆုံးဖြစ်ကြောင်း ရခိုင်တိုင်း
ရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“အများဆိုတာက ၇၅ ရာခိုင်နှုန်း အထက်ကိုပြောတာ၊ အနည်းဆိုတာ
က ၁၀ ရာခိုင်နှုန်းအောက်မှာ အနည်းအကျဉ်း ဒီလောက်ပဲ ပြောရမှာ၊ အများအပြားဆိုတဲ့စကားက ၇၅ ရာခိုင်နှုန်းအထက်ဆိုတော့ အားလုံးဟာ ကုလားမယားတွေလို့ ပြောလိုက်တာဟာသည် ကျွန်တော်တို့ ရခိုင်
လူမျိုးကို ထိခိုက်သလိုဖြစ်သွားတယ်” ဟု ယင်းက ဆက်လက်
ပြောကြားသည်။
ပထမဆုံးဦးဆုံး ဓါတ်ပုံနှင့် ခေါင်းစဉ်ကို မြင်လိုက်ရသည့်အခါ ၀မ်းသာမိကြောင်း၊ ယခုကဲ့သို့ ခေါင်းစဉ်နှင့် ဓါတ်ပုံလွဲမှားစွာ
ဖော်ပြခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ခွင့်ပြုချက်မယူဘဲ ဓါတ်ပုံယူသုံးခဲ့သည့်အတွက် ဟော့နယူးစ်ဂျာနယ်တိုက်နှင့်
ဆောင်းပါးရှင်ပစ်တိုင်းထောင်ကို တောင်းပန်စေ ချင်ကြောင်း
ဟော့နယူးစ်ဆောင်းပါးတွင် အသုံးပြုခဲ့သော ဓါတ်ပုံထဲမှ
မိန်းကလေးနှစ်ဦး၏ မိခင် ဒေါ်သန်းသန်းအောင်က
ပြောကြားသည်။
“ဒီဆောင်းပါးရေးသူဟာ ဟော့နယူးစ်ဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် တစ်ဦး ဖြစ်ပါတယ်၊ ဒီလိုရေးသားခဲ့တာဟာလည်း ရခိုင်အမျိုးသမီးအချို့ ကုလားမယားဖြစ်သွားခဲ့ခြင်းအပေါ် တပ်မတော်သား တစ်ဦးအနေနဲ့ မကာကွယ်နိုင်ခဲ့တာကို ရင်နာနာနဲ့ အပြုသဘောပုံစံ ရေးသားခဲ့ခြင်း
ဖြစ်ပါလိမ့်မယ်၊ ဒီလိုမျိုး ခွင့်မတောင်းဘဲ ဓါတ်ပုံသုံးခဲ့မိတာကလည်း ကျွန်တော်တို့ ဂျာနယ်တိုက်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်” ဟု
ဟော့နယူးစ်ဂျာနယ်တိုက်မှ အယ်ဒီတာ ဦးကျော်စိန်က
ပြောကြားသည်။
ရည်မွန်
(စကားချပ်....ရခိုင်အမျိုးသမီးများအား ပုတ်ခတ်စော်ကားခဲ့သည့် Hot News အား လုံးဝမဖတ်ရှုကြရန် )
ဆောင်းပါးရှင်ပစ်တိုင်းထောင် ရေးသားသော အမျိုးဂုဏ်ကို
စောင့်ထိန်းပါ ဆိုသည့် ဆောင်းပါး၏ တတိယပိုဒ်တွင် ပါဝင်သော
‘ရခိုင်မိန်းကလေးအများအပြားမှာ ခေါ်တောမယားများ ဖြစ်ကုန်
ကြပါသည်’ ဟု ရေးသားခဲ့ခြင်းအပေါ် ရခိုင်လူမျိုးများ မကျေနပ်
ကြကြောင်း ဗဟန်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော စာနယ်ဇင်း
ရှင်းလင်းပွဲ၌ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့
က ပြောကြားသည်။
Vol-3, No-126 ပါ ဟော့နယူးစ်ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည့် ယင်းဆောင်းပါးသည်ရည်ရွယ်ချက်မှာ
ဂျာနယ်တိုက်နှင့် ဆောင်းပါးရှင် ပစ်တိုင်းထောင်ကိုလည်း အပြစ်မတင်
လိုကြောင်း၊ သို့သော် ရေးသားခဲ့သည့် စေတနာအမှားကို ပြန်လည်
ကုစားရန်လိုအပ်ကြောင်း၊ တရားစွဲရမည့် ခေတ်မဟုတ်တော့သည့်
အတွက် ယခုကဲ့သို့ မီဒီယာများနှင့် စားပွဲတစ်ဝိုင်းတည်း ဖြေရှင်း
လိုက်သည့် နည်းလမ်းသည် အကောင်းဆုံးဖြစ်ကြောင်း ရခိုင်တိုင်း
ရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“အများဆိုတာက ၇၅ ရာခိုင်နှုန်း အထက်ကိုပြောတာ၊ အနည်းဆိုတာ
က ၁၀ ရာခိုင်နှုန်းအောက်မှာ အနည်းအကျဉ်း ဒီလောက်ပဲ ပြောရမှာ၊ အများအပြားဆိုတဲ့စကားက ၇၅ ရာခိုင်နှုန်းအထက်ဆိုတော့ အားလုံးဟာ ကုလားမယားတွေလို့ ပြောလိုက်တာဟာသည် ကျွန်တော်တို့ ရခိုင်
လူမျိုးကို ထိခိုက်သလိုဖြစ်သွားတယ်” ဟု ယင်းက ဆက်လက်
ပြောကြားသည်။
ပထမဆုံးဦးဆုံး ဓါတ်ပုံနှင့် ခေါင်းစဉ်ကို မြင်လိုက်ရသည့်အခါ ၀မ်းသာမိကြောင်း၊ ယခုကဲ့သို့ ခေါင်းစဉ်နှင့် ဓါတ်ပုံလွဲမှားစွာ
ဖော်ပြခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ခွင့်ပြုချက်မယူဘဲ ဓါတ်ပုံယူသုံးခဲ့သည့်အတွက် ဟော့နယူးစ်ဂျာနယ်တိုက်နှင့်
ဆောင်းပါးရှင်ပစ်တိုင်းထောင်ကို
ဟော့နယူးစ်ဆောင်းပါးတွင် အသုံးပြုခဲ့သော ဓါတ်ပုံထဲမှ
မိန်းကလေးနှစ်ဦး၏ မိခင် ဒေါ်သန်းသန်းအောင်က
ပြောကြားသည်။
“ဒီဆောင်းပါးရေးသူဟာ ဟော့နယူးစ်ဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် တစ်ဦး ဖြစ်ပါတယ်၊ ဒီလိုရေးသားခဲ့တာဟာလည်း ရခိုင်အမျိုးသမီးအချို့ ကုလားမယားဖြစ်သွားခဲ့ခြင်းအပေါ် တပ်မတော်သား တစ်ဦးအနေနဲ့ မကာကွယ်နိုင်ခဲ့တာကို ရင်နာနာနဲ့ အပြုသဘောပုံစံ ရေးသားခဲ့ခြင်း
ဖြစ်ပါလိမ့်မယ်၊ ဒီလိုမျိုး ခွင့်မတောင်းဘဲ ဓါတ်ပုံသုံးခဲ့မိတာကလည်း ကျွန်တော်တို့ ဂျာနယ်တိုက်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်” ဟု
ဟော့နယူးစ်ဂျာနယ်တိုက်မှ အယ်ဒီတာ ဦးကျော်စိန်က
ပြောကြားသည်။
ရည်မွန်
(မြန်မာခေတ်)
SHARE THIS