၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန်ပစ္စည်းကန့်သတ်ထား

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာတစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစားများဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက်ကုန်ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ်ထားသောကြောင့် အဆင်မပြေမှုများရှိနေကြောင်း အဆိုပါဈေးသည်များထံက သိရ သည်။
၁၁၅ မိုင် ယာဉ်ရပ်နားစခန်း သည် ခရီးသည်ယာဉ်ဖြစ်စေ၊ ကိုယ် ပိုင်ယာဉ်ဖြစ်စေမရပ်မဖြစ်ရပ်နား ရလေ့ရှိသည်။ ယာဉ်ရပ်နားစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။
၁၁၅ မိုင်ယာဉ်ရပ်နားစခန်း ရှိဈေးသည်အများစုကပြောကြား ရာတွင် “ဒီနေရာမှာ အစ်မတို့ ဈေးရောင်းတာသိပ်မကြာသေးပါ ဘူး။ ဒီနေရာမှ အစတုန်းကဈေး သည်တွေ ရောင်းလို့မရဘူး။ အခုရောင်းလို့ရတာလည်း သိပ် မကြာသေးဘူး။ အခုလိုဒီနေရာ မှာ ဈေးရောင်းရဖို့ကလည်း သိပ်မလွယ်ဘူးအထက်အဆင့်ဆင့်ကို တင်ပြရတယ်။ အခုရောင်းရပြန် တော့လည်း ကန့်သတ်ချက်နဲ့ သူတို့ဆိုင်ကြီးတွေမှာရှိတဲ့ အစား အသောက်တွေဆိုရင် အစ်မတို့ ဈေးဆိုင်ငယ်တွေက မရောင်းရ ဘူးရောင်းတာတွေရင်မလွယ်ဘူး။ သူတို့ဈေးဆိုင်ကြီးတွေက အစ်မ တို့ ဆိုင်ငယ်တွေဆိုရင် ဟိုဟာ မရောင်းရဒါမရောင်းရနဲ့ ကန့်သတ် ထားတယ်။ သူတို့ဆိုင်ကြီးတွေက ထမင်းရောင်းတယ်ဆိုရင် အစ်မ တို့ဆိုင်ငယ်တွေက ထမင်းမရောင်း ရဘူး။ ဒီလိုပဲအခြားဟာတွေကို လည်း ဟိုဟာမရောင်းရဒီဟာ မရောင်းရဟိုမတင်ရဒီဟာမတင်ရနဲ့ သူတို့ကပိတ်ပင်ထားတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါဈေးဆိုင်ငယ်များ သည် အစားအသောက်များထဲမှ လက်သုပ်စုံနှင့် မုန်ဟင်းခါးနှစ်မျိုး ထဲကိုသာရောင်းချခွင့်ရပြီး ထမင်း နှင့် အခြားသောအစားအသောက် များအား လုံးရောင်းချခွင့်မရ ကြောင်း ၎င်းတို့ကပြောသည်။
ထမင်းဟင်းကဲ့သို့သောတန်ဖိုး ကြီးအစားအစာများကို ဆိုင်ကြီး များတွင်သာတန်ဖိုးကြီးပေးဝယ် စားရသဖြင့် ငွေကြေးမပြည့်စုံသော ခရီးသွားများအတွက် အခက်အခဲ ရှိကြောင်း ခရီးသွားအချို့ကပြော သည်။
မှ-HN

ဖြိုးအောင်

SHARE THIS