Thursday, February 14, 2013
မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှဗိုလ်ကြီးဟောင်း
နေမျိုးဇင် ဦးစီး၍ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တွင် ဗန်းမော်မြို့မှ လိုင်ဇာမြို့အထိငြိမ်းချမ်းရေးလမ်းလျှောက်မည့်အစီအစဉ်အား ရန်ကုန်မြို့ မှ လိုင်ဇာမြို့သို့ လမ်းလျှောက်လာ သည့်အဖွဲ့ဝင်များ မှ ကျေနပ်မှု မရှိကြောင်းသိရှိရသည်။
ရန်ကုန်မြို့မှ ထွက်ခွါလာသည့် လမ်း လျှောက် အဖွဲ့တွင်ပါဝင်သော လူငယ်တစ်ဦးက သူ့အနေနဲ့ ဒီလိုမျိုးလုံးဝ မလုပ်သင့်ပါဘူး။ ကျွန်တော်တို့အဖွဲ့ တွေက ရန်ကုန်ကနေ မိုင် (၄၀၀) ကျော်
လမ်းလျှောက်ပြီးသွားပြီ။ နောက်ထပ်လိုင်ဇာအထိ မိုင် (၃၀၀)ကျော် ကျန်သေးတယ်။ ကျွန်တော် တို့ နောက်ထပ် တစ်လနီးပါးလောက် လမ်းထပ်လျှောက်ရဦးမယ်။ ဒီလိုအခြေအနေ မျိုးမှာ သူကကြားဖြတ် ပြီးရန်ကုန်ကနေပင်ပင်ပန်းပန်းလမ်းလျှောက်တဲ့သူတွေကို ရှေ့က
ဖြတ်ခုတ်သလို ဖြစ် နေပါတယ်ဟု ပြောဆိုသွားသည်။
ရန်ကုန်မှ လိုင်ဇာ လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သည့် ဗကသ အဖွဲ့ဝင်
တစ်ဦး ကလည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်အနေနဲ့ ကြိုပွိုင့်အနေနဲ့ပဲ သွားရောက်ပြင်ဆင်တာပြုလုပ်သင့်ပြီး ဗန်းမော် မှ စောင့်ဆိုင်းပြီးမှသာ လိုင်ဇာသို့ အတူတကွ ထွက်ခွာသင့်တယ် ဟု ပြောဆိုခဲ့သည်။
တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုဇော်မင်းမှလဲ ကိုနေမျိုးဇင်ရဲ့
လုပ်ရပ်က ရန်ကုန်ကနေ လမ်းလျှောက်လာတဲ့သူတွေ ကို ဂရုမစိုက်
သလိုဖြစ်နေတယ်။ အစတည်းကလုပ်ချင်လို့ရှိရင် အနစ်နာခံ၊ အပင်ပန်းခံ လမ်းလျှောက် တဲ့သူတွေ နဲ့ အတူ ပူးပေါင်းသင့်ပါတယ် ဟု
ပြောဆိုသွားသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင် အနေဖြင့် ယခုလ (၁၉) ရက်နေ့တွင်
ဗန်းမော်မြို့မှ လိုင်ဇာမြို့သို့ ချီတက် လမ်း လျှောက်ရန်အတွက်
ရန်ကုန်မြို့မှ ဗန်းမော်မြို့သို့ ယခုလ (၁၆) ရက်နေ့တွင် ကားများနှင့်
ထွက်ခွါမည် ဖြစ်ကြောင်း ဗန်းမော်မှ လိုင်ဇာအထိ လမ်းလျှောက်ချီတက်စဉ် တိုက်ပွဲဖြစ်ပွား ရာနေရာများတွင် ငြိမ်းချမ်းရေး ကျောက်တိုင်များစိုက်ထူခြင်း၊ လိုင်ဇာ-ဗန်းမော်လမ်း အား ပြန် လည် အ သုံးပြုနိုင်ရန် လူထုနည်းဖြင့်
သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပန်ကြားသွားမည်ဖြစ်ကြောင်းနှင့် လပေါင်း များစွာ ကွဲကွာနေသော မိသားစုများအား ပြန်လည်
ဆုံစည်း၍ ပျော်ပွဲရွှင်ပွဲများကို လိုင်ဇာတွင် ကျင်းပ သွားမည်ဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာ တွင်ဖော်ပြထားသည်။
သံလွင်
မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ေ
နေမျိုးဇင် ဦးစီး၍ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တွင် ဗန်းမော်မြို့မှ လိုင်ဇာမြို့အထိငြိမ်းချမ်းရေးလ
ရန်ကုန်မြို့မှ ထွက်ခွါလာသည့် လမ်း လျှောက် အဖွဲ့တွင်ပါဝင်သော လူငယ်တစ်ဦးက သူ့အနေနဲ့ ဒီလိုမျိုးလုံးဝ မလုပ်သင့်ပါဘူး။ ကျွန်တော်တို့အဖွဲ့ တွေက ရန်ကုန်ကနေ မိုင် (၄၀၀) ကျော်
လမ်းလျှောက်ပြီးသွားပြီ။ နောက်ထပ်လိုင်ဇာအထိ မိုင် (၃၀၀)ကျော် ကျန်သေးတယ်။ ကျွန်တော် တို့ နောက်ထပ် တစ်လနီးပါးလောက် လမ်းထပ်လျှောက်ရဦးမယ်။ ဒီလိုအခြေအနေ မျိုးမှာ သူကကြားဖြတ် ပြီးရန်ကုန်ကနေပင်ပင်ပန်းပန်းလမ
ဖြတ်ခုတ်သလို ဖြစ် နေပါတယ်ဟု ပြောဆိုသွားသည်။
ရန်ကုန်မှ လိုင်ဇာ လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သည့် ဗကသ အဖွဲ့ဝင်
တစ်ဦး ကလည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်အနေနဲ့ ကြိုပွိုင့်အနေနဲ့ပဲ သွားရောက်ပြင်ဆင်တာပြုလုပ်သင့်ြ
တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုဇော်မင်းမှလဲ ကိုနေမျိုးဇင်ရဲ့
လုပ်ရပ်က ရန်ကုန်ကနေ လမ်းလျှောက်လာတဲ့သူတွေ ကို ဂရုမစိုက်
သလိုဖြစ်နေတယ်။ အစတည်းကလုပ်ချင်လို့ရှိရင် အနစ်နာခံ၊ အပင်ပန်းခံ လမ်းလျှောက် တဲ့သူတွေ နဲ့ အတူ ပူးပေါင်းသင့်ပါတယ် ဟု
ပြောဆိုသွားသည်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင် အနေဖြင့် ယခုလ (၁၉) ရက်နေ့တွင်
ဗန်းမော်မြို့မှ လိုင်ဇာမြို့သို့ ချီတက် လမ်း လျှောက်ရန်အတွက်
ရန်ကုန်မြို့မှ ဗန်းမော်မြို့သို့ ယခုလ (၁၆) ရက်နေ့တွင် ကားများနှင့်
ထွက်ခွါမည် ဖြစ်ကြောင်း ဗန်းမော်မှ လိုင်ဇာအထိ လမ်းလျှောက်ချီတက်စဉ် တိုက်ပွဲဖြစ်ပွား ရာနေရာများတွင် ငြိမ်းချမ်းရေး ကျောက်တိုင်များစိုက်ထူခြင်း၊ လိုင်ဇာ-ဗန်းမော်လမ်း အား ပြန် လည် အ သုံးပြုနိုင်ရန် လူထုနည်းဖြင့်
သက်ဆိုင်ရာ အဖွဲ့အစည်းများအား ပန်ကြားသွားမည်ဖြစ်ကြောင်းနှင့်
ဆုံစည်း၍ ပျော်ပွဲရွှင်ပွဲများကို လိုင်ဇာတွင် ကျင်းပ သွားမည်ဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာ တွင်ဖော်ပြထားသည်။
သံလွင်